တရုတ်နိုင်ငံမှ Xiao Leiအမည်ရှိသော အသက် ၈နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် ဖခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး မိခင်ကလည်း မွေးဖွားခါနီးဖြစ်နေသည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။
ကောင်လေးသည် ဖခင်မရှိတော့သည့်နောက်ပိုင်းတွင် စိတ်အားငယ်တတ်သော ကိုယ်ဝန်ဆောင်မိခင်အား အရွယ်လေးနှင့် မလိုက်အောင် အမြဲလိုလိုအားပေးစကားတွေ ပြောလေ့ရှိပြီး ဆေးရုံဆေးခန်းကိုလည်း မကြာခဏ သွားပြခိုင်းခဲ့သည်။
ထို့နောက် မိခင်မလုပ်နိုင်တော့သည့် အိမ်မှုကိစ္စတွေကိုလည်း ကျောင်းတက်နေရင်းကတစ်ဖက် လုပ်ကိုင်ကူခဲ့ပြီး မိခင်ဖြစ်သူမွေးဖွားခါနီးအချိန်တွင်လည်း တစ်လျှောက်လုံး အနားမှာရှိနေပေးခဲ့သည်။
ကောင်လေးသည် မီးဖွားဖို့ရာ ကြောက်ရွံ့နေသော မိခင်ဖြစ်သူကို အနားမှာသူရှိတယ် ဆိုပြီးအားပေးစကားများ လိုက်ပြောနေ၍ ဆရာဝန်များကပင် ကောင်လေးဧ။်လုပ်ရပ်ကို ချီးမွမ်းခဲ့ပြီး ယခုလိုသိတတ်လိမ်မာတဲ့ သားလေးရထားတာ ကံကောင်းတယ်ဆိုပြီး ပြောဆိုနေကြသည်။
Zawgyi
မွေးဖွားခါနီး မိခင်ဖြစ်သူကို ဆေးရုံသို့လိုက်ပို့ရင်း အရမ်းကြောက်မနေဖို့ နံဘေးကနေအားပေးခဲ့သည့် အသက် ၈နှစ်အရွယ် ကောင်လေး