ဗဟုသုတ

အမှိုက်သရိုက်တွေနှင့် ပြည့်နှက်နေသော မြစ်ကမ်းပါးကို လှေလေးတစ်စီးနှင့်အတူ နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးခဲ့သော လေးစားဖွယ်အဖိုးအို

အိန္ဒိယနိုင်ငံ Keralaပြည်နယ် မြစ်ကမ်းနံဘေးတွင် နေထိုင်သော Rajppanအမည်ရှိ အသက် ၆၈နှစ်အရွယ် အဖိုးအိုတစ်ဦးသည် မွေးရာပါ မသန်စွမ်းဖြစ်ပြီး လမ်းလျှောက်၍မရသော်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မွန်မြတ်သော စိတ်ထားလေးနှင့် သန့်ရှင်းအောင်ပြုလုပ်ပေးခဲ့သည်။

အဖိုးအိုသည် အမှိုက်သရိုက် ပလက်စတစ်ဗူးခွံတွေနှင့် ပြည့်နှက်နေသော မြစ်ကမ်းပါးတွင် လှေလေးတစ်စင်းနဲ့ လှော်ခတ်ရင်း တစ်နေ့တာနိုင်သလောက်လေး ဖယ်ရှားပေးရင်း ဗူးခွံတွေကို စားဝတ်နေရေးအတွက် ပြန်လည်ရောင်းချခဲ့သည်။

အဖိုးအိုသည် မသန်စွမ်းသူတစ်ယောက်ဖြစ်နေပေမယ့် ဒေသတွင် မည်သူမျှလုပ်ရန် စိတ်ကူးမရှိသော မြစ်ကမ်းပါးကို သန့်ရှင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အာဏာပိုင်အစိုးရမှ ဝှီးချဲလ်ထိုင်ခုံလေးနှင့် စက်လှေတစ်စင်းကို လေးစားဂုဏ်ပြုသည့်အနေနှင့် ချီးမြှင့်ပေးအပ်ခဲ့သည်။

Zawgyi

အမႈိက္သ႐ိုက္ေတြႏွင့္ ျပည့္ႏွက္ေနေသာ ျမစ္ကမ္းပါးကို ေလွေလးတစ္စီးႏွင့္အတူ ေန႔တိုင္းသန္႔ရွင္းေရးလုပ္ေပးခဲ့ေသာ ေလးစားဖြယ္အဖိုးအို

အိႏၵိယႏိုင္ငံ Keralaျပည္နယ္ ျမစ္ကမ္းနံေဘးတြင္ ေနထိုင္ေသာ Rajppanအမည္ရွိ အသက္ ၆၈ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးသည္ ေမြးရာပါ မသန္စြမ္းျဖစ္ၿပီး လမ္းေလွ်ာက္၍မရေသာ္လည္း ပတ္ဝန္းက်င္ ညစ္ညမ္းမႈကို မြန္ျမတ္ေသာ စိတ္ထားေလးႏွင့္ သန္႔ရွင္းေအာင္ျပဳလုပ္ေပးခဲ့သည္။

အဖိုးအိုသည္ အမႈိက္သ႐ိုက္ ပလက္စတစ္ဗူးခြံေတြႏွင့္ ျပည့္ႏွက္ေနေသာ ျမစ္ကမ္းပါးတြင္ ေလွေလးတစ္စင္းနဲ႔ ေလွာ္ခတ္ရင္း တစ္ေန႔တာႏိုင္သေလာက္ေလး ဖယ္ရွားေပးရင္း ဗူးခြံေတြကို စားဝတ္ေနေရးအတြက္ ျပန္လည္ေရာင္းခ်ခဲ့သည္။

အဖိုးအိုသည္ ေဒသတြင္ မည္သူမွ်လုပ္ရန္ စိတ္ကူးမရွိေသာ ျမစ္ကမ္းပါးကို မသန္စြမ္းသူတစ္ေယာက္ျဖစ္ေနေပမယ့္ သန္႔ရွင္းသြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သည့္အတြက္ အာဏာပိုင္အစိုးရမွ ဝွီးခ်ဲလ္ထိုင္ခုံေလးႏွင့္ စက္ေလွတစ္စင္းကို ေလးစားဂုဏ္ျပဳသည့္အေနႏွင့္ ခ်ီးျမႇင့္ေပးအပ္ခဲ့သည္။