News

“ရန်ကုန်မြို့၊ ဘုရင့်နောင်ရှိ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ “






ပြီးခဲ့သည့်လပိုင်းကလည်း တောင်ဥက္ကလာမြို့နယ် နန္ဒာဝန်ဈေးအနီးရှိ ကမ္ဘာ့ရတနာဘဏ်အား ဓားပြတိုက်မှု ဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့ပြီး ယခုတွင် ဒုတိယအကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

#PeopleMedia #ကမ္ဘာ့ရတနာဘဏ်

(unicode)

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ အမှတ် (၁) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကမ္ဘာ့ရတနာဘဏ် အမည်မသိ လူလေးဦးက သေနတ်များကို ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါ တယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က မော်တော်ယာဉ်အမျိုးအစားနှင့် နံပါတ်စိစစ်ဆဲ မော်တော်ယာဉ် တစ်စီးဖြင့် လာရောက်သည့် လူလေးဦးက ဘဏ်အတွင်းသို့ဝင်ရောက်ကာ ကွယ်ဝှက်ထားသည့် သေနတ်များ ကို ထုတ်၍ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဓားပြတိုက်မှုကြောင့် ငွေကျပ် သိန်း ၁၀၀၀ ကျော်ဆုံးရှုံးခဲ့ပြီး ယင်းသို့ လာရောက်ဓားပြတိုက်ခဲ့သည့် လူလေးဦးကို CCTV မှတ်တမ်းမှတစ်ဆင့် ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်းကလည်း တောင်ဥက္ကလာမြို့နယ် နန္ဒာဝန်စျေးအနီးရှိ ကမ္ဘာ့ရတနာဘဏ်အား ဓားပြတိုက်မှု ဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့ပြီး ယခုတွင် ဒုတိယအကြိမ်ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။