ယူနီဖောင်းနဲ့ မဝယ်ရဲသူတွေနဲ့တော့ ဘဝက ခြားသွားပြီပေါ့ဗျာဆိုပြီး သူရဲ့စျေးဝယ်တဲ့အဖြစ်အပျက်ကိုပြောပြလာတဲ့ CDM ဗိုလ်ကြီးညီသုတ
CDM ဗိုလ်ကြီး ညီသုတက ပြည်သူ့မေတ္တာတွေ အပြည့်ရနေလို့ စျေးတောင် မဝယ်ရဲတော့ဖူး ဟု သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြလာခြင်းပဲ ဖြစ်ပါတယ်။
ဗိုလ်ကြီး ညီသုတဟာ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်ကောင်စီ အာဏာသိမ်း လိုက်ချိန်မှာ ပထမဆုံး ပြည်သူ့ စစ်သားတဦး ဖြစ်ခဲ့တဲ့အပြင် CDM အစောဆုံး ဝင်ခဲ့သော ပြည်သူ့ စစ်ဗိုလ်တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
“အခုကာလမှာ ကျနော် ဘာပစ္စည်းမှ မဝယ်ရဲဘူးဗျာ။ ပြီးခဲ့တဲ့လက ကွန်ပျုတာလိုနေလို့ ဝယ်တာ ၅ဝရာနှုန်း မယူဘူး။ လွန်ခဲ့တဲ့ အပါတ်က ပစ္စည်းတခု ဝယ်တာ အစ်ကိုဆိုရင် ၁သိန်းလျော့ပေးမယ် ဆိုပြီး လျော့ပေးတယ်။”
“ကျနော်ကတော့ အဲ့ဒါကို ငွေလို့မမြင်ဘူး။ မေတ္တာလို့ပဲ မြင်တယ်။ စျေးသွား ဝယ်ရင်တောင် ယူနီဖောင်းနဲ့ မဝယ်ရဲသူတွေနဲ့တော့ ဘဝက ခြားသွားပြီပေါ့ဗျာ။ ”ဆိုပြီး ဗိုလ်ကြီး ညီသုတက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖွင့်ပြောထားခြင်းပဲ ဖြစ်ပါသည်။
Zawgyi
ယူနီေဖာင္းနဲ႕ မဝယ္ရဲသူေတြနဲ႕ေတာ့ ဘဝက ျခားသြားၿပီေပါ့ဗ်ာဆိုၿပီး သူရဲ႕ေစ်းဝယ္တဲ့အျဖစ္အပ်က္ကိုေျပာျပလာတဲ့ CDM ဗိုလ္ႀကီးညီသုတ
CDM ဗိုလ္ႀကီး ညီသုတက ျပည္သူ႕ေမတၱာေတြ အျပည့္ရေနလို႔ ေစ်းေတာင္ မဝယ္ရဲေတာ့ဖူး ဟု သူ႕ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေဖာ္ျပလာျခင္းပဲ ျဖစ္ပါတယ္။
ဗိုလ္ႀကီး ညီသုတဟာ ေဖေဖာ္ဝါရီ ၁ရက္ေန႕ စစ္ေကာင္စီ အာဏာသိမ္း လိုက္ခ်ိန္မွာ ပထမဆုံး ျပည္သူ႕ စစ္သားတဦး ျဖစ္ခဲ့တဲ့အျပင္ CDM အေစာဆုံး ဝင္ခဲ့ေသာ ျပည္သူ႕ စစ္ဗိုလ္တဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။
အခုကာလမွာ က်ေနာ္ ဘာပစၥည္းမွ မဝယ္ရဲဘူးဗ်ာ။ ၿပီးခဲ့တဲ့လက ကြန္ပ်ဳတာလိုေနလို႔ ဝယ္တာ ၅ဝရာႏႈန္း မယူဘူး။ လြန္ခဲ့တဲ့ အပါတ္က ပစၥည္းတခု ဝယ္တာ အစ္ကိုဆိုရင္ ၁သိန္းေလ်ာ့ေပးမယ္ ဆိုၿပီး ေလ်ာ့ေပးတယ္။
က်ေနာ္ကေတာ့ အဲ့ဒါကို ေငြလို႔မျမင္ဘူး။ ေမတၱာလို႔ပဲ ျမင္တယ္။ ေစ်းသြား ဝယ္ရင္ေတာင္ ယူနီေဖာင္းနဲ႕ မဝယ္ရဲသူေတြနဲ႕ေတာ့ ဘဝက ျခားသြားၿပီေပါ့ဗ်ာ။ ဆိုၿပီး ဗိုလ္ႀကီး ညီသုတက သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ဖြင့္ေျပာထားျခင္းပဲ ျဖစ္ပါသည္။