ဗဟုသုတ

ဓမ္မဘက်ကနေရပ်တည်ပြီး အလုပ်လုပ်နေတဲ့အချိန်က ဘဝမှာ အလွတ်လပ်ဆုံးအချိန်လို့ပြောလာတဲ့ CDM ဗိုလ်ကြီး

ဓမ္မဘက်ကနေရပ်တည်ပြီး အလုပ်လုပ်နေတဲ့အချိန်ကဘဝမှာ အလွတ်လပ်ဆုံးအချိန်လို့ပြောလာတဲ့ CDM ဗိုလ်ကြီး

ကမ္ဘာ့အလယ်မှာ လက်သုံးချောင်းထောင်ပြီး စစ်တပ်ကိုဆန့်ကျင်ခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်ကိုတော့ သိကြမှာပါနော်။

ကမ္ဘာ့ အလယ်မှာ မြန်မာ့ကိုယ်စား မတ်တပ်ရပ်ပြခဲ့သူဂျာမနီသတင်းစာထဲကပါ။ စစ်ယူနီဖောင်းနဲ့လက် ၃ ချောင်းထောင်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ကြီးပါ။ လင်းထက်အောင်ဖြစ်ပါတယ်။

လင်းယုန်ငှက်လို မကြောက်မရွံ့တဲ့စိတ်နဲ့ အားလုံးကို သူ အောင်မြင်စွာကျော်ဖြတ်နေတယ်။ဒါဟာ မြန်မာ ပြည်သူတွေရဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်။ဒါဟာ စစ်ကောင်စီကိုအရှက်ရစေတယ်။

မောင်နှမတို့..အကြောက်တရားတွေ သွေးခွဲမှုတွေ ဦးခေါင်းထဲကထုတ်ပစ်လိုက်ကြ။ ကြောက်စိတ်မရှိတော့တဲ့အခါ..၊ကြောက်စိတ်တွေပျောက်သွားတဲ့အခါ..ကမ္ဘာကြီးကိုတောင်ရွှေ့နိုင်တယ်။

ဘဝမှာ အလွတ်လပ်ဆုံးအချိန်ကိုပြောပါဆိုရင် CDM ဝင်ပြီး ကိုယ့်နိုင်ငံအတွက် ဓမ္မဘက်ကနေရပ်တည်ပြီး အလုပ်လုပ်နေတဲ့အချိန်တွေပါပဲ။

ဒီပုံကိုရိုက်ပေးတဲ့သူပဲ အပေါ်ကအဖြေကိုမေးခဲ့တာကျနော်အခု လွတ်လပ်စွာမသွားလာနိုင်သေးပေမယ့် ကျနော့်စိတ်တွေအရမ်းကိုလွတ်လပ်နေပါပြီ။

Linn Htet Aung








Linn Htet Aung