ဗဟုသုတ

အလံဖြူထောင်ထားသည့် သချိုင်းနားက ကျူးကျော်အိမ်တွေကို ဆန်၊ဆီနဲ့ လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ ဝေဠုကျော်

အလံဖြူထောင်ထားသည့်သချိုင်းနားကကျူးကျော်အိမ်တွေကိုဆန်၊ဆီနဲ့ လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ဝေဠုကျော်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဝေဠုကျော်ကတော့အနုပညာနယ်ပယ်မှာလည်းအောင်မြင်ခဲ့တဲ့သူတစ်ယောက်ဖြစ်သလို ပရဟိတနယ်ပယ်မှာလည်းစိတ်ရောကိုယ်ပါအားသွန်ခွန်စိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။

ကိုဗစ်ကာလမှာလည်းလိုအပ်တဲ့အောက်စီဂျင်တွေကိုပြည်သူတွေဆီလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

ဒါအပြင်ဝေဠုကျော်ကတော့အမှန်တကယ်စားဝတ်နေရေးမပြေလည်တဲ့ရပ်ကွက်တွေဆီကိုယ်တိုင်သွားရောက်ပြီလိုအပ်တဲ့အရာတွေကိုလှူဒါန်းပေးနေတာဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ဝေဠုကျော်ကစားဝတ်နေရေးကျပ်တည်းနေတဲ့သချိုင်းနားကကျူးကျော်အိမ်တွေဆီလိုအပ်တာတွေသွားရောက်လှူဒါန်းခဲ့တာဘဲဖြစ်ပါတယ်။

ဝေဠုကျော်ကဝေဠုကျော်ဖောင်ဒေးရှင်းမှသန်လျင်မြို့နယ်ရှိ စားသောက်ရေးအခက်အခဲဖြစ်နေလို့အကူအညီတောင်းခံလာသည့်အလံဖြူထောင်ထားသည့်သချိုင်းနားကကျူးအိမ်၆အိမ်အားတစ်အိမ်လျှင်ဆန်၃ပြည်၊ ဆီ၅၀သါး၊ ကြက်ဥ ၁၀လုံး၊mask၅၀၊လက်သန့်ဆေး၁ဗူး၊အဝတ်တစ်ထုပ်တို့ကိုသွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါသည်ဆိုပြီးအားလုံးသာဓုခေါ်နိုင်အောင်မျှဝေလာတာဘဲဖြစ်ပါတယ်။