ဗဟုသုတ

ကုန်စုံဆိုင် တစ်ဆိုင်လုံးကို လှူဒါန်းလိုက်တဲ့ ရက်ရောလွန်းတဲ့ အလှူရှင်မိသားစု

ကုန်စုံဆိုင် တစ်ဆိုင်လုံးကို လှူဒါန်းလိုက်တဲ့ ရက်ရောလွန်းတဲ့ အလှူရှင်မိသားစု

ပရိသတ်ကြီးရေ ဒီတစ်ခါတင်ဆက်ပေးမဲ့သတင်းလေးကတော့ ပြည်သူတစ်ချို့ရဲ့ အလှူဒါနပြုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်

အခုလို ကပ်ဘေးကာလမှာ အစစအရာရာ စျေးတွေတက်ပြီး ပြည်သူတွေ ဆင်းရဲတွင်းနက်နေတဲ့အချိန်မှာ ပြည်သူတွေကပဲ ပြည်သူအချင်းချင်းပြန်လည်စောင့်ရှောက်နေကြရတာ ဖြစ်ပါတယ်

တော်လှန်းရေးအတွက်လည်း အလှူငွေကူရ ဆင်းရဲသားပြည်သူတွေအတွက် လဲအလှူငွေကူရကိုဗစ်လူနာတွေအတွက်လည်း အလှူငွေကူရနဲ့ ပြည်သူတွေလည်း အတော်လေးကို စိတ်ပင်ပန်းလူပင်ပန်း ငွေပင်ပန်းဖြစ်နေကြပါတယ်

ဒါပေမဲ့လည်း ပြည်သူတွေဟာ မလျှော့သောဇွဲနဲ့ တော်လှန်းရေးမှာလည်း တတ်နိုင်သ၍ ပါဝင်ကူညီပြီး ပတျဝနျးကငြျမှာလညျူ လှူဒါန်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်

ယခုလဲ ရှမ်းစုကျေးရွာ ဒဂုံမန်းလမ်းမှ ဦးခင်မောင်လွင်+ဒေါ်ဥမ္မာ မိသားစုတို့မှ ၎င်းတို့လက်ရှိရောင်းချနေသော ကုန်ခြောက်ဆိုင်ရှိ ကား(၇)စီးတိုက်စာ ပစ္စည်းမျိုးစုံနှင့်အလှူငွေ(၂)သိန်းကျပ်အား ပြည်သူမှ ပြည်သူသို့ ကူညီမည့်အဖွဲ့အား ယနေ့လှူဒါန်းပေးခဲ့ကြောင်းသိရပါသည်။

တကယ့်ကို မွန်မြတ်တဲ့စေတနာတရားပါပဲနော်

ဆန်တစ်ပြည်တောင်မလွယ်ကူတဲ့ အခုလိုကာလကြီးမှာ ပြည်သူတွေကတော့ ပြည်သူအချင်းချင်း အခုလိုမျိုး ဆက်လက်ကူညီလှူဒါန်းနေတာတွေ့ရတော့အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် သာဓုလည်းအကြိမ်ကြိမ်ခေါ်ဆိုပေးလိုက်ရတယ်ဗျာ

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ