ဗဟုသုတ
ရုပ်ရှင်သရုပ်ဆောင် ဒေါ်သန်းသန်းဆင့်ရဲ့ သားဖြစ်သူရေးသားလာတဲ့ အမေရဲ့ ကျန်းမာရေးအခြေအနေ
မြန်မာဇာတ်လမ်းတွေမှာဆိုရင်လည်း မင်းသားမင်းသမီးကောင်းနေရုံနဲ့ဇာတ်လမ်းကောင်းတစ်ခု မဖြစ်ကြတာ လူတိုင်းသိမှာပါနော်.. ဇာတ်ပို့ ဇာတ်ရံတွေနဲ့အတူတူပေါင်းပြီးကောင်းမှသာ ပြည့်စုံတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်လာကြတာပါနော်..
မြန်မာဇာတ်လမ်းတွေထဲမှာဆိုရင်လည်း ကျရာနေရာကနေပါဝင်သရုပ်ဆောင်နိုင်တဲ့ဇာတ်ပို့သမားတွေအများကြီးပဲဖြစ်ပါတယ်။ အဲအထဲမှာလည်း ဇာတ်ပို့သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် လည်းအပါအဝင်ဖြစ်ပါတယ်။
ခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်ပိုးတွေကြောင့် ပြည်သူတွေလည်း သေဆုံးနေကြရတာ ဖြစ်ပါတယ်။ သေဆုံးတဲ့အထဲမှာလည်းအနုပညာရှင်တော်တော်များများလည်း ပါဝင်သလိုသူတို့ရဲ့မိသားစုဝင်တွေကိုလည်း ဆုံးရှုံးရတာ ဖြစ်ပါတယ်။
ဒီနေ့လေးမှာတော့ ဒေါ်သန်းသန်းဆင့်ရဲ့သားဖြစ်သူက သူ့အမေနဲ့ ပက်သက်တဲ့ ကျန်းမာရေးကို ” ဒီနေ့ပဲ သက်သာလို့ ဆေးရုံကဆင်းလာပါပြီ ဆေးရုံတက်နေစဉ် ဖုန်းလည်းမပြောနိုင်လို့ မောနေလို့ အမေ့ဖုန်းကစက်ပိတ်ထားတာပါ အမေ့ဖုန်းဆက်သွယ်မရသူများအား တောင်းပန်ပါတယ်တဲ့ အမေက အားလုံးလည်း စိတ်ပူကြမှာစိုးလို့ ကိုဗစ်ဖြစ်တာ မပြောတာပါ။
အခုတော့ သက်သာပါပြီ ရန်ကုန်မှာမဟုတ်သေးပါဘူး တာချီလိတ်မှာပဲ ရှိပါသေးတယ် ခင်ဗျာ အရေးကြီးကိစ္စရှိရင် သားဖုန်းကိုပဲ ဆက်ပေးကြပါ အမေဖုန်းမပြောနိုင်သေးလို့ပါ” လို့ ရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြပါအုံးနော်..