ဗဟုသုတ

ပန်းရောင်ခြေထောက်တုနှင့်အတူ အရာအားလုံးက သူ့အတွက်ပိုကောင်းမွန်လာခဲ့တယ်လို့ခံယူပြီး စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ အသက်(၇) နှစ်အရွယ်ကောင်မလေး

အင်္ဂလန်နိုင်ငံ Birmingham မြို့မှ အသက်ခုနစ်နှစ်အရွယ် Anu အမည်ရှိမိန်းကလေးတစ်ဦး ဟာ သူမရဲ့ပန်းရောင်ခြေထောက်တုအသစ်နှင့် ကျောင်းပြန်တက်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ၎င်းခြေထောက်တုက သူမအား အားကစားကစားရန်ကူညီပေးရုံသာမက ပန်းရောင် က သူမအကြိုက်ဆုံးအရောင်ဖြစ်ပါတယ်။

Anu ရဲ့ကျောင်းနေဖက်များက သူမကျောင်းဝန်းထဲဝင်လာတာကိုတွေ့တဲ့အခါမှာ သူမထံအလျင်အမြန်စုပြုံပြီး သူမအား လာရောက်ပွေ့ဖက်ပေးလိုက်ကြပါတယ်။ ကျောင်းနေဖက်မိန်းကလေးတစ်ယောက်က “ ဒါမင်းရဲ့ပန်းရောင်ခြေထောက်အသစ်လား” လို့လည်း ပြောသံကြားရပါတယ်။

Anu ဟာခြေတုနဲ့ကြီးပြင်းလာခဲ့ပြီး သူမမွေးဖွားစဉ်ချိန်က သူမရဲ့ချက်ကြိုးဟာ သူမရဲ့ညာဘက်ခြေထောက်အား တင်းကျပ်စွာရစ်ပတ်စေခဲ့ကာ သွေးလည်ပတ်မှုကိုဖြတ်တောက်စေခဲ့တာကြောင့် သူမရဲ့ညာဘက် ခြေထောက်ကို နောက်ပိုင်းမှာ ဖြတ်တောက်ခဲ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ Anu ဟာ အပြုသဘောဆောင်ပြီး ရွှင်လန်းတက်ကြွလျက်ရှိနေပြီး သူမရဲ့ပန်းရောင်ခြေထောက်အသစ်နှင့်အတူ အရာအားလုံးက သူ့အတွက်ပိုကောင်းမွန်လာခဲ့ပြီး ပိုမိုလွယ်ကူလာပုံရပါတယ်။

ထို့အပြင် ကျောင်းနေဖက်သူငယ်ချင်းများကလည်း Anu အား ဖော်ရွေစွာ ဆက်ဆံခဲ့ကြပါတယ်။

Anu နှင့် သူမရဲ့သူငယ်ချင်းများရဲ့ဖော်ဖော်ရွေရွေ တွေ့ဆုံစကားပြောနေခဲ့ကြတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် အင်တာနက်သုံးစွဲသူများက Anu ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ကလေးမလေးတစ်ယောက်ဖြစ်သလို သူမအား ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြတဲ့ကျောင်းနေဖက်သူငယ်ချင်းများကလည်း အပြုသဘောဆောင်တဲ့စိတ်ဓာတ်လေးတွေ ကိုယ်စီရှိကြတာကြောင့် ၎င်းတို့ကိုပါ ချီးကျူးခဲ့ကြပါတယ်။

Zawgyi