အိုမင်းရင့်ရော်စေတဲ့ရောဂါကို ခံစားနေရသော်လည်း ပညာသင်ယူလေ့လာနေရတာကို နောက်မဆုတ်တမ်း ကြိုးစားလေ့လာနေတဲ့ မိန်းကလေးငယ်
အခုဖော်ပြပေးမှာက စာဖတ်ပရိသတ်များအတွက် စာနာမှုများစွာဖြစ်စေတဲ့ သတင်းအကြောင်းအရာတစ်ခုပါ ။
ငယ်စဉ်ကတည်းက အိုမင်းရင့်ရော်စေတဲ့ ရောဂါကို ခံစားနေရတဲ့ အသက် ၁၁ နှစ်အရွယ်မိန်းကလေး Jenny ရဲ့အကြောင်းစုံအတွက် ၎င်းကို Workpoint ရုပ်သံလိုင်းမှ “ Panya Pansuk” အစီအစဉ်မှ တဆင့်တင်ပြခဲ့ပါတယ် ။
Jenny ရဲ့နာမည်အရင်းက Chanakan Sung-Or ပါ ။ သူမက အသက် ၁၁ နှစ်သာရှိသေးပေမဲ့ သူမငယ်စဉ်ကတည်းက အသက်အရွယ်ကြီးရင့်တဲ့ ရောဂါရှိလို့ ကံမကောင်းစွာဘဲ သူမရဲ့အသွင်အပြင် ခန္ဓာကိုယ်ပုံသဏ္ဏာန် နဲ့ အသံနေအသံထားက အသက်ကြီးသူတစ်ဦးလိုပါပဲ ။ သူမရဲ့အမေက ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ချင်းမိုင်မှာ နေထိုင်နေပါတယ် ။
ပထမတော့ Jenny က သာမန်ကလေးတစ်ယောက်လိုပါပဲမွေးပြီး မကြာခင်မှာ အရေးအကြောင်းတွေဖြစ်လာခဲ့ပါတယ် ။ အသက် ၁ နှစ်အရွယ်မှာ ၎င်းရောဂါလက္ခဏာက စတင်ပြသလာခဲ့ပါတယ် ။
အိုမင်းရင့်ရော်စေတဲ့ ရောဂါက လူဦးရေ ၈ သန်းမှာ ၁ ဦး သာတွေ့နိုင်ပါတယ် ။ ယခုချိန်မှာ Jenny ဟာ အသက် ၁၁ နှစ်သာရှိသေးပေမဲ့ အသက် ၁၁၀ အဖွားနဲ့ တူနေပါတယ် ။ သူမက သာမန်ကလေးတစ်ယောက်လိုမဟုတ်ပေမဲ့ ဘဝကို ကောင်းမွန်စွာ ရှင်သန်နေခဲ့ပြီး ပညာရေးမှာ အရမ်းတော်တဲ့ ကလေးတစ်ယောက်ပါ ။
သူမရဲ့အဖြစ်ကို ကြားသိရတော့ စိတ်မကောင်းမိပါတယ်ဗျာ ။ ဒါပေမဲ့ Jenny နဲ့သူ့အမေကို ဒီလိုဆိုးဝါးတဲ့ရောဂါကိုကြုံတွေ့ရပေမဲ့ အားမငယ်အောင် ဘဝကိုတွန်းလှန်ပြီး အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
Zawgyi