ဗဟုသုတ

လူတိုင်း အခမဲ့ရယူနိုင်မဲ့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များအား ခင်းကျင်းပြသကာ ကိုယ်ကျိုးမငဲ့ဘဲလှူဒါန်းပေးခဲ့ကြတဲ့ မိသားစုတစ်စု

ကူးစက်ရောဂါကြောင့် လူအများအပြားဟာ အလုပ်လက်မဲ့ဖြစ်လာခဲ့ကြပြီး ၎င်းတို့ရဲ့မိသားစုများကို ထောက်ပံ့ဖို့ငွေကြေးအလုံအလောက်မရှိကြတော့ပါဘူး။ ချမ်းသာသူတွေတောင်မှ ၎င်းတို့ရဲ့စီးပွါးရေးတွေ ပိတ်ပင်ရပ်ဆိုင်းလိုက်ရတာကြောင့် ၎င်းတို့ရဲ့ငွေကြေးများစွာကိုဆုံးရှုံးခဲ့ရပါတယ်။

သို့ပေမဲ့ ပြီးခဲ့တဲ့အပတ်က ဖိလစ်ပိုင်နိုင်ငံ Alfonso ပြည်နယ် Cavite မြို့ရှိ Sugugin-Nuestro ဆိုတဲ့မိသားစုဟာ ဆင်းရဲနွမ်ူပါးသူတို့အတွက် အခြေခံကုန်စည်များထောက်ပံ့ပေးတဲ့ အကျိုးအမြတ်မယူတဲ့လူထုစားသောက်ခန်း၀န်ဆောင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် မည်သူမဆို မည်သည့်အရာကိုမဆို လိုအပ်သလောက် ရယူနိုင်ပြီး အလွတ်ဖြစ်သွားတဲ့စားပွဲများကိုထပ်ဖြည့်ရန် ၎င်းတို့လည်း တတ်နိုင်သလောက် အခမဲ့ပေးခဲ့ကြပါတယ်။

၎င်းတို့မိသားစုတစ်စုမှ အစပြုခဲ့တဲ့အစားအစာများစွာပါဝင်တဲ့ Community Pantry အစီအစဉ်ဟာ လူသိများပျံ့နှံ့သွားခဲ့ပါတယ်။ စားပွဲပေါ်မှာကပ်ထားခဲ့တဲ့ပိုစတာမှာ “ မင်းလိုအပ်တာကိုယူပါ၊ မင်းတတ်နိုင်သလောက်လေးကို ထားခဲ့ပါ ” လို့ရေးသားထားပါတယ်။

၎င်းတို့က စားပွဲများပေါ်မှာ ဘယ်သူက ဘယ်လောက်ယူပြီးဘယ်လောက်ပေးရမယ်ဆိုတာကို မသတ်မှတ်ထားခဲ့ပါဘူး။ စားပွဲပေါ်က တစ်ခုခုကိုလိုအပ်နေရင် မင်းလိုအပ်တာကိုယူလိုက်နိုင်ပြီး ပြန်လည်ငွေပေးချေမှုကိုလည်း မတောင်းဆိုထားခဲ့ပါဘူး။ ၎င်းတို့က တတ်နိုင်သလောက် အလှူငွေထည့်ပေးခဲ့တဲ့မျှဝေနိုင်တဲ့မည်သူမဆိုကိုလည်း ကျေးဇူးတင်ခဲ့ကြပါသေးတယ်။

အံ့သြစရာကောင်းသည်မှာ လှူဒါန်းသူများပြားလာတာနှင့်အမျှ ၎င်း The Sharing Table ရဲ့တဲအောက်ရှိ စားပွဲများပေါ်မှ လျှံကျနေတဲ့အိတ်များနှင့်ရိက္ခာများလာခဲ့ပြီး ၎င်းအစီအစဉ်ကို လူများစွာကလည်း သတိထားမိလာခဲ့ကြပါတယ်။

ခင်းကျင်းထားခဲ့တဲ့၎င်းကဲ့သို့လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များနှင့်ထုပ်ပိုးထားတဲ့ပစ္စည်းများက Luksuhin Market Vendor Association INC မှလာခဲ့ပြီး ၎င်းဟင်းသီးဟင်းရွက်များကို မြင်တွေ့ခဲ့ရတဲ့အင်တာနက်ပေါ်ရှိလူများစွာက တအံ့တဩဖြစ်ခဲ့ကြသလို ၎င်းအစီအစဉ်အား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းကနေကူညီကာ အလှူငွေများစွာကိုလည်း ထည့်ပေးခဲ့ကြပါသေးတယ်။

Zawgyi

ကူးစက္ေရာဂါေၾကာင့္ လူအမ်ားအျပားဟာ အလုပ္လက္မဲ့ျဖစ္လာခဲ့ၾကၿပီး ၎တို႔ရဲ႕မိသားစုမ်ားကို ေထာက္ပံ့ဖို႔ေငြေၾကးအလုံအေလာက္မရွိၾကေတာ့ပါဘူး။ ခ်မ္းသာသူေတြေတာင္မွ ၎တို႔ရဲ႕စီးပြါးေရးေတြ ပိတ္ပင္ရပ္ဆိုင္းလိုက္ရတာေၾကာင့္ ၎တို႔ရဲ႕ေငြေၾကးမ်ားစြာကိုဆုံးရႈံးခဲ့ရပါတယ္။

သို႔ေပမဲ့ ၿပီးခဲ့တဲ့အပတ္က ဖိလစ္ပိုင္ႏိုင္ငံ Alfonso ျပည္နယ္ Cavite ၿမိဳ႕ရွိ Sugugin-Nuestro ဆိုတဲ့မိသားစုဟာ ဆင္းရဲႏြမ္ူပါးသူတို႔အတြက္ အေျခခံကုန္စည္မ်ားေထာက္ပံ့ေပးတဲ့ အက်ိဳးအျမတ္မယူတဲ့လူထုစားေသာက္ခန္း၀န္ေဆာင္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ မည္သူမဆို မည္သည့္အရာကိုမဆို လိုအပ္သေလာက္ ရယူႏိုင္ၿပီး အလြတ္ျဖစ္သြားတဲ့စားပြဲမ်ားကိုထပ္ျဖည့္ရန္ ၎တို႔လည္း တတ္ႏိုင္သေလာက္ အခမဲ့ေပးခဲ့ၾကပါတယ္။

၎တို႔မိသားစုတစ္စုမွ အစျပဳခဲ့တဲ့အစားအစာမ်ားစြာပါဝင္တဲ့ Community Pantry အစီအစဥ္ဟာ လူသိမ်ားပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ စားပြဲေပၚမွာကပ္ထားခဲ့တဲ့ပိုစတာမွာ “ မင္းလိုအပ္တာကိုယူပါ၊ မင္းတတ္ႏိုင္သေလာက္ေလးကို ထားခဲ့ပါ ” လို႔ေရးသားထားပါတယ္။

၎တို႔က စားပြဲမ်ားေပၚမွာ ဘယ္သူက ဘယ္ေလာက္ယူၿပီးဘယ္ေလာက္ေပးရမယ္ဆိုတာကို မသတ္မွတ္ထားခဲ့ပါဘူး။ စားပြဲေပၚက တစ္ခုခုကိုလိုအပ္ေနရင္ မင္းလိုအပ္တာကိုယူလိုက္ႏိုင္ၿပီး ျပန္လည္ေငြေပးေခ်မႈကိုလည္း မေတာင္းဆိုထားခဲ့ပါဘူး။ ၎တို႔က တတ္ႏိုင္သေလာက္ အလႉေငြထည့္ေပးခဲ့တဲ့မွ်ေဝႏိုင္တဲ့မည္သူမဆိုကိုလည္း ေက်းဇူးတင္ခဲ့ၾကပါေသးတယ္။

အံ့ၾသစရာေကာင္းသည္မွာ လႉဒါန္းသူမ်ားျပားလာတာႏွင့္အမွ် ၎ The Sharing Table ရဲ႕တဲေအာက္ရွိ စားပြဲမ်ားေပၚမွ လွ်ံက်ေနတဲ့အိတ္မ်ားႏွင့္ရိကၡာမ်ားလာခဲ့ၿပီး ၎အစီအစဥ္ကို လူမ်ားစြာကလည္း သတိထားမိလာခဲ့ၾကပါတယ္။

ခင္းက်င္းထားခဲ့တဲ့၎ကဲ့သို႔လတ္ဆတ္တဲ့ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ထုပ္ပိုးထားတဲ့ပစၥည္းမ်ားက Luksuhin Market Vendor Association INC မွလာခဲ့ၿပီး ၎ဟင္းသီးဟင္း႐ြက္မ်ားကို ျမင္ေတြ႕ခဲ့ရတဲ့အင္တာနက္ေပၚရွိလူမ်ားစြာက တအံ့တဩျဖစ္ခဲ့ၾကသလို ၎အစီအစဥ္အား ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္အတြက္ တစ္ဖက္တစ္လမ္းကေနကူညီကာ အလႉေငြမ်ားစြာကိုလည္း ထည့္ေပးခဲ့ၾကပါေသးတယ္။