Yi Choi အမည်ရှိ အသက် ၆ နှစ်အရွယ် ထက်မြက်တဲ့ ကျွဲတစ်ကောင် နဲ့ အသက် ၈၂ နှစ်အရွယ် Saen Khamchanachai အမည်ရှိ အဖွားတို့ဟာ လူနဲ့ တိရိစ္ဆာန်တို့အကြား ချစ်စရာကောင်းနေတာကို တွေ့ရပါတယ် ။
Yi Choi ဟာ ကျွဲတစ်ကောင်နဲ့ပင်မတူဘဲ လူသားကလေးတစ်ယောက် နဲ့တူတယ်လို့ ပြောရလောက်အောင် အဖွားရဲ့ပေါင်ပေါ်မှာ အိပ်စက်ပြီး နို့ဘူးစို့နေခဲ့တာပါ ။ ပိုထူးဆန်းက Yi Choi ဟာ မနက်တိုင်း စောစောစီးစီး အဖွားရဲ့ ပေါင်ပေါ်မှာ အိပ်လေ့ရှိပါတယ် ။
Yi Choi ရဲ့အမေက ကလေးတွေကို စိတ်မဝင်စားတာကြောင့် ကလေးကိုနို့မတိုက်ရန်ငြင်းဆန်သဖြင့် Yi Choiက လူတို့နဲ့နေခဲ့ရပြီး အဖွားကဘဲ နို့ဘူးလေးနဲ့ နေ့တိုင်းတိုက်ပေးနေရပါတယ် ။
အထူးသဖြင့်မနက်နဲ့ ညနေခင်းမှာ အဘွား Saen က နို့ဘူးကို ယူလာရပြီး Yi Choi ကို တိုက်ခဲ့ပါတယ် ။ ယခုဆိုရင် Yi Choiဟာအဖွားရဲ့ မိသားစုဝင် တစ်ယောက်ပင်ဖြစ်နေပါပြီ။ Yi Joi နဲ့ အဖွားတို့ရဲ့ ချစ်စရာပုံရိပ်တွေကိုလည်း အများကြီး ဝေမျှပေးထားပါတယ် ။
Zawgyi