ဗဟုသုတ
အဆိုတော်ဝေကြီးရဲ့ဖခင် ကွယ်လွန်ရတဲ့ အကြောင်းအရင်း
Zawgyi
Source: Wai Gyi
အဆိုတော်ဝေကြီးရဲ့ဖခင်ကွယ်လွန်ရတဲ့အကြောင်းအရင်း
အနုပညာလောကမှာ အောင်မြင်နေတဲ့ တေးရေးဆရာတစ်ယောက်လည်းဖြစ်ပြီး သီချင်းတွေကိုလည်း အသံကောင်းကောင်းနဲ့သီဆိုနိုင်သူကတော့ ဝေကြီးဖြစ်ပါတယ်နော်.. ဝေကြီးက‌တော့အသံပါရမီလည်းပါတဲ့အပြင် သူကိုယ်တိုင်ရေးစပ်ပေးတဲ့သီချင်းတိုင်းကိုလည်း ပရိသတ်ကကြိုက်နှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်.
တေးရေးဝေကြီးကတော့ အဆိုတော်ကော်နီကို ရေးစပ်ပေးခဲ့တဲ့ ဆေး ဆိုတဲ့သီချင်းအပြင် အခြားအသည်းကွဲသီချင်းတိုင်းကိုလည်း ရေးစပ်လိုက်တိုင်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်နော်..ခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ကိုဗစ်ပိုးတွေကြောင့် ပြည်သူတွေကို ဆုံးရှုံးရပေါင်းလည်း မနည်းတော့ပါဘူးနော်…
သေဆုံးတဲ့လူတွေထဲမှာလည်း အနုပညာရှင်တွေကိုယ်တိုင်အပါအဝင်ဖြစ်သလို အနုပညာရှင်တွေရဲ့ မိသားစုတွေလည်း ပါဝင်နေတာကြောင့် လူတိုင်းလည်း နာရေးသတင်းကို မကြားချင်တော့လောက်အောင် ဖြစ်နေရပါတယ်နော်.
ဒီနေ့လေးမှာလည်း တေးရေးတေးဆို ဝေကြီးရဲ့ ဖခင် ဒီကနေ့မှာ ကွယ်လွန်သွားကြောင်းသိရပါတယ်။ ဝေကြီးကလည်း “ဖေကြီးရေ….ကောင်းရာဘုံဘဝမှာ အနားယူပါတော့နော်.။သားး ဖေကြီးကို ချစ်တယ်နော်…” လို့ တေးရေး ၊ တေးဆို ဝေကြီးက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
သူရဲ့ပို့်စအောက်မှာတော့ ဝေကြီးကိုအားပေးစကားတွေနဲ့နှစ်သိမ့်ထားကြတာ ဖြစ်ပါတယ်နော်.. လူတိုင်းကတော့ တစ်နေ့နေ့မှာ ကြုံတွေ့ရမှာဖြစ်ပေမဲ့ တကယ်တမ်းတော့လည်း မခံစားနိုင်ကြဘဲ ရှိနေကြပါတယ်။ ဒါ့ကြောင့် ပရိတ်ကြီးလည်း ဝေကြီးကို အားပေးစကားလေး ပြောပေးသွားကြပါအုံးနော်…
Source: Wai Gyi