ဗီယက်နမ်နိုင်ငံမှ မြို့ထဲစားသောက်ဆိုင်တစ်ခုတွင် တွေ့ရှိခဲ့ရသော ကလေးနှစ်ယောက်၏ မြင်ကွင်းလေးသည် လူတိုင်း၏ နှလုံးသားကို ထိမိစေခဲ့သည်။
ဆိုင်ထဲတွင် မိသားစုနဲ့အတူ စားကောင်းသောက်ဖွယ်များကို မိမိစိတ်တိုင်းကျ မှာယူစားနိုင်ပြီး ဖုန်းအကောင်းစားတစ်လုံးကိုကိုင်ထားပြီး ဂိမ်းထိုင်ဆော့နေသောဝဝဖြိုးဖြိုးကောင်လေးမှာ လိုတိုင်းတ အလွယ်တကူရရှိနိုင်သည့် စိတ်ချမ်းသာစရာ ဘဝလေးဖြစ်နေသည်။
သို့သော်လည်း ဘေးကနေ အသာလေးရပ်ကြည့်နေရသော ပိန်ပိန်သေးသေးကောင်လေးမှာတော့ အရွယ်နှင့်မလိုက်အောင် မိသားစုစားဝတ်နေရေးအတွက် မြေပဲပြုတ်လေးကို အိတ်လေးနှင့် ထုပ်ထားပြီး ခြင်းငယ်လေးတွင် ထည့်ကာ မကုန်မချင်း ရောင်းချရသည့် ပင်ပန်းဆင်းရဲသည့် ဘဝလေးဖြစ်ပြီး စမတ်ဖုန်းဆိုသည်မှာလည်း သူ့အတွက်တော့ စိတ်ကူးယဉ်အိပ်မက်သာသာဖြစ်နေခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ လမ်းဘေးဈေးသည် ကောင်လေးအား စာနာသနားမိကာ တစ်ချိန်ချိန်တွင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပြီး ဆင်းရဲမှုကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်မိနေကြသည်။
Unicode
လူချင်းတူပေမယ့် ဖြစ်တည်လာရသော ဘဝအခြေအနေချင်းကွာခြားနေသော ကလေးနှစ်ယောက်၏ မြင်ကွင်းလေး
ဗီယက်နမ်နိုင်ငံမှ မြို့ထဲစားသောက်ဆိုင်တစ်ခုတွင် တွေ့ရှိခဲ့ရသော ကလေးနှစ်ယောက်၏ မြင်ကွင်းလေးသည် လူတိုင်းဧ။် နှလုံးသားကို ထိမိစေခဲ့သည်။