News

“မုန့်ဟင်းခါး ပွဲပေါင်းများစွာ နှင့် မုံးကိုးဒေသမှာ ကျင်းပတဲ့ မအလ ရဲ့ အလှူတော်”

KIA နှင့် ကိုးကန့် ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး နှင့် စစ်ကောင်စီတပ်သားများ အသုံးအ​ဆောင်နှင့် လက်နက်များ ထုတ်ပြခဲ့ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီးနေရာတွင် စစ်ကောင်စီတပ်များနှင့် KIA ၊ ကိုးကန့်ပူးပေါင်းတပ်တို့ သြဂုတ်လ ၂၈ ရက်​နေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းနီးပါး သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သေဆုံးသွားသည့် တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး နှင့် စစ်ကောင်စီတပ်သားများ အသုံးအ​ဆောင်နှင့် လက်နက်များကို ကိုးကန့်အဖွဲ့က ယ​နေ့ ထုတ်ပြသည်။

“ကျနော်တို့ဘက်က လက်နက်တွေ တော်တော်များများ သိမ်းမိတယ်။ စစ်ကောင်စီတပ်ရင်း ၅၂၅ တပ်ရင်း နဲ့ KIA ၊ ကိုးကန့် ပူးပေါင်းတပ် တိုက်ပွဲဖြစ်တာပါ။

စစ်ကောင်စီ တပ်ရင်းမှူး တပ်ရင်းမှုးဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး သေပါတယ်။ တပ်ဖွဲ့ဝင်တော် တော်များများလည်း သေပါတယ်။ စကခ ၁၇ စစ် ကြောင်းမှူးဒဏ်ရာပြင်းထန်ဒဏ်ရာရတဲ့အတွက် ရဟတ်ယာဉ်နဲ့ ဒီနေ့ ည ၉ နာရီ ၃၀ မိနစ် မှာ လားရှိုး သယ် သွားပြီ” ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

အထူးဒေသ(၁) မုံးကိုးခရိုင်ဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ် တပ်ရင်း (၂၃၀)ကို MNDAA ကိုးကန့်က ပြင်းပြင်းထန်ထန်ခုခံတိုက်​ခိုက်ခဲ့​ကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်သည်။

လက်တလောပိုင်းတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် MNDAA နှင့် အထူးဒေသ(၁) မုံးကိုးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ပြန်ကြားရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားခဲ့​ကြောင်း၊

သြဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီတပ်ရင်း (၂၃၀) အပါအ၀င် လူအင်အား (၁၃၀)ခန့်သည် MNDAA တပ်စခန်းကို ထပ်မံထိုးစစ်ဆင်ရန် ချီတက်လာ​ကြောင်း၊

စစ်ကောင်စီချီတက်လာသော သတင်းရရှိသည် နှင့်တစ် ပြိုင်နက်တည်းတွင် MNDAA အနေနဲ့လည်း ကောင်းမွန်စွာခုခံတိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်ခဲ့​ကြောင်း၊
သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံးကိုးခရိုင် ကွန်းလုံရွာ မှ ရှမန်ခုံရွာသစ် ဘက်သို့ ချီတက်လာ စစ်ကောင်စီတပ်များကို MNDAA က နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့​ကြောင်း၊ ၁၀ မိနစ်ခန့် တိုက်ပွဲများဖြစ် ပွားခဲ့ပြီး MNDAA က ပြန်လည်ဆုတ်ခွာခဲ့​ကြောင်း၊

နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်တို့သည် ကုန်းလျှံရွာဘက်သို့ဆက်လက်ချီတက်လာခဲ့ပြီး MNDAA က ညနေ ၃ နာရီ ၅၇ မိနစ်ခန့်တွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့​ကြောင်း၊

ညနေ ၇ နာရီခန့်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် မှ ပြန်လည်ဆုတ်ခွာသွားခဲ့​ကြောင်း၊ တစ်နေ့တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း၊ MNDAA အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက် နိုင်ခဲ့​​​ကြောင်း ထုတ်ပြန်ထားသည်။

MNDAA နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် အခြားအဖွဲ့အစည်းများပါ၀င်ကူညီနေသည်ဟု တစ်ချို့မီဒီယာများက ရေးသားဖော်ပြနေ​ကြောင်း၊ ဤတိုက်ပွဲတွင် အခြားအဖွဲ့အစည်းများ ပါ၀င်ကူညီခြင်း လုံး၀မရှိခဲ့​ကြောင်း၊ MNDAA နှင့် မုံးကိုးခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်​ကြောင်း၊

စစ်ကောင်စီတပ်၏ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် မုံးကိုးဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေရှိ​ကြောင်း၊ MNDAA အ​နေဖြင့်လည်း မိမိတို့၏ အုပ်ချုပ်နယ်မြေကို အသက်ပေးကာကွယ်သွားမည်ဖြစ်​ကြောင်း ထုတ်ပြန်ထားသည်။