မော်လမြိုင် ညဈေး ကမ်းနားလမ်းမှာ ပေါက်စီရောင်းနေတဲ့အဖိုးတို့ ဆိုင်ကို ကျနော် ယနေ့ည ရောက်ခဲ့တယ်
ဇူလိုင်လ (၁)ရက်နေ့မှာ ကျနော်ကိုဗစ်ဖြစ်ပြီး ဆေးရုံတက်ချိန်ပေါက်စီရောင်းတဲ့အဖွါး ကျနော်စီ ဖုန်းဆက်တယ်သားလေးနေမကောင်းတာ သတင်းကြားတော့အဖွားစိတ်မကောင်းဖြစ်မိတယ်သားရေ
သားဘာတွေ စာချင်လဲပြော အဖွါးလာပို့ပေးမယ်သားလေး အမြန်နေကောင်းပါစေလို့ 🙏🙏🙏ကျနော့်ကိုဆုတောင်းပေးခဲ့တယ်
ကျနော်လည်းနေမကောင်းဖြစ်ချိန်ဆိုတော့ အဖွားကို စကားတွေ အများကြီးပြန်မပြောခဲ့ဘူးသားဘာမှ မစားချင်ဘူးအဖွါး အဖွားစိတ်ပူပြီးဖုန်းဆက်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်
အဖွားတို့ မိသားစု ကျန်မာရေးဂရုစိုက်ပါလို့ပြောလိုက်တယ်ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး
အဖွားတို့ မိသားစု ကိုဗစ်ရောဂါ ဒဏ်ကိုခံစားခဲ့ရတယ် အဖွား နေမကောင်းဖြစ်နေတဲ့အချိန် ဆေးခန်းခဏပဲသွားနိုင်ခဲ့ပြီး ရပ်ကွက်က ဆေးလေးတွေ ၀ယ်သောက်ပြီးနေပြန်ကောင်းလာတယ်
အဖွားကပြောတယ် အရင်လို ဈေးရောင်မကောင်းတော့ဘူးဈေးတော့ နေ့တိုင်းရောင်းတယ်သားရေအဆင်ပြေဖို့ မနည်းဘူးကြိုးစားလုပ်ကိုင်နေရတယ်တဲ့အဖွား ကျန်းမာရေးအတွက် စိတ်မပူနဲ့လိုအပ်ရင် ကျနော်အသိ သမားတော် ဆရာ၀န်တွေရှိတယ်
အဖွားကို အခမဲ့ကူညီမယ့်သူ အသင့်ပဲလ်ိုအပ်တာ ကျနော့်ကိုပြောလို့ကျနော် အဖွားကို အားပေးစကားပြန်ပြောလိုက်ပါတယ်
ကျနော့် သူငယ်ချင်းတွေ ညဈေးကမ်းနားလမ်းရောက်ခဲ့ရင်အဖွားကို ကူညီတဲ့အနေနဲ့ အဖွါးပေါက်စီဈေးလှည်းဆိုင်မှာအားပေးကြပါလို့ 🙏🙏🙏 လေးစားစွာဖြင့် တောင်းဆိုတင်ပြပါတယ်။
Myint Soe (26.8.2021)