News

“ဆုံးပါးသွားတဲ့မိခင်ရဲ့အဝတ်အစားတွေကို ဖြန့်ခင်းပြီး အနားမှာ အမေရှိနေသေးတယ်အထင်နဲ့ အတူအိပ်နေဆဲဖြစ်တဲ့ မင်းညီ”

သရုပ်ဆောင် မင်းညီရဲ့ မိခင်ဟာ ဇူလိုင်လ (၂၃) ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ကွယ်လွန်သွားတဲ့ မိခင်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အမြဲမပြတ် ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

မင်းညီဟာ အောက်ဆီဂျင်ကျနေတဲ့ မိခင်ကို ဆေးရုံတင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် အဆင်မပြေသွားတဲ့အဖြစ်ကို အခုချိန်ထိ ယူကြုံးမရ ဝမ်းနည်းနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းကလည်း မင်းညီရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံ ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ဒါကတော့ ဆုံးပါးသွားတဲ့မိခင်ရဲ့အဝတ်အစားတွေကို ဖြန့်ခင်းပြီး အမေအနားမှာ ရှိနေသေးတယ် အမှတ်နဲ့ အတူတူအိပ်နေတဲ့ ပုံလေးတစ်ပုံကို ဝမ်းနည်းစွာဖြင့် မျှဝေပေးလာတာ ဖြစ်ပါတယ်။

မိခင်ကွယ်လွန်သွားတာ တစ်လပြည့်ပြီဖြစ်ပေမယ့်လည်း အနားမှာ အတူတူရှိနေတဲ့အကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

မင်းညီဟာ မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေစဉ်အတွင်းမှာလည်း လိုလေသေးမရှိအောင် ဂရုစိုက်ခဲ့တဲ့ သားလိမ္မာလေး ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မင်းညီဝေမျှပေးထားတဲ့ ပုံကိုကြည့်ပြီး မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ သားဖြစ်သူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိကြောင်း comment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။

မင်းညီရဲ့ မိခင်လည်း သားဖြစ်သူပြုလုပ်ပေးနေတဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Min Nyi’s Facebook Account