ဗဟုသုတ

မွေးရာပါခြေလက်မပါခဲ့၍ မိဘဆီက မေတ္တာဓာတ်မရပဲ စွန့်ပစ်ခံရကာ အဖိုးအဖွားလက်ထဲတွင်သာ ကြီးပြင်းလာခဲ့ရသည့် ကလေးမလေး

ဗီယက်နမ်နိုင်ငံ Soc Lao Trangပြည်နယ် Cu Lao Dungခရိုင်တွင် နေထိုင်သော Hieu Thaoအမည်ရှိ အသက် ၈နှစ်အရွယ် ကလေးမလေးသည် မွေးရာပါအားနည်းချက်ကြောင့် ခြေလက်မပါလာခဲ့သော်လည်း လူတိုင်းအပေါ်တွင် အကောင်းမြင်သည့်စိတ်လေးရှိကာ အဆင်မပြေသည့်ကြားက စာသင်ကြားရခြင်းကို စိတ်အားထက်သန်ပြီး အနာဂတ်တွင် ဆရာဝန်လောင်းလေးတစ်ယောက်ဖြစ်ချင်သည်ဟု သိရသည်။

ကလေးမလေးသည် ဖခင်ဖြစ်သူမှာ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသွားချိန်တွင် မိခင်ဖြစ်သူကပါ နောက်အိမ်ထောင်ပြုခဲ့ပြီး အဝေးသို့သွားနေခဲ့ရာ သူမကိုကျ အဖိုးအဖွားဆီမှာသာ ချန်ထားခဲ့ပစ်သည်။

ကလေးမလေးသည် ခြေလက်မရှိသော်လည်း အဖွားဖြစ်သူကို အိမ်အလုပ်များ လုပ်ကူပေးပြီး လိမ်မာရေးခြားရှိသည့်အတွက် အဖိုးအဖွားမှ အရမ်းချစ်ပေးကာ ကျွေးမွေးပြုစုလျက်ရှိသည်။

ကလေးမလေးသည် ကျောင်းခန်းထဲတွင်လည်း သူငယ်ချင်းတစ်ယောက်မှမရှိသည့် အပယ်ခံဘဝလေးနှင့် ကျောင်းတက်ခဲ့ရာ အဖိုးဖြစ်သူမှ နေ့စဉ် ၄ကီလိုမီတာအကွားအဝေးကို လမ်းလျှောက်ကာ လိုက်ပို့ပေးခဲ့ရသည်။

ကလေးမလေးသည် အခြားသူများလို ဘယ်အရာမဆို လွယ်လွယ်ကူကူလေး လိုက်လုပ်ချင်ပြီး ကျောင်းကို ကိုယ့်ဘာသာကိုသွားနိုင်ရန် ခြေတုလက်တုလေး တပ်ဆင်ချင်ခဲ့သော်လည်း စားဝတ်နေရေးပင် အနိုင်နိုင်ဖြစ်နေရသော အဖိုးနှင့်အဖွားအား သနားစာနာမိကာ ဝယ်ပေးရန် မတောင်းခဲ့ပဲ မြိုသိပ်ခဲ့ရသည်။

Unicode

မွေးရာပါခြေလက်မပါခဲ့၍ မိဘဆီက မေတ္တာဓာတ်မရပဲ စွန့်ပစ်ခံရကာ အဖိုးအဖွားလက်ထဲတွင်သာ ကြီးပြင်းလာခဲ့ရသည့် ကလေးမလေး

ဗီယက်နမ်နိုင်ငံ Soc Lao Trangပြည်နယ် Cu Lao Dungခရိုင်တွင် နေထိုင်သော Hieu Thaoအမည်ရှိ အသက် ၈နှစ်အရွယ် ကလေးမလေးသည် မွေးရာပါ အားနည်းချက်ကြောင့် ခြေလက်မပါလာခဲ့သော်လည်း လူတိုင်းအပေါ်တွင် အကောင်းမြင်သည့်စိတ်လေးရှိကာ အဆင်မပြေသည့်ကြားက စာသင်ကြားရခြင်းကို စိတ်အားထက်သန်ပြီး အနာဂတ်တွင် ဆရာဝန်လောင်းလေးတစ်ယောက်ဖြစ်ချင်သည်ဟု သိရသည်။