အချို့သော သူများဧ။် မွေးရာပါ အားနည်းချက်များသည် တစ်ခါတစ်ရံ အထူးဆန်းဆုံးသော အရာဖြစ်နေတတ်ပြီး အများဧ။် အာရုံစိုက်ခြင်းကို ခံရတတ်သည်။
သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ Samantha Ramsdellအမည်ရှိသော အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မွေးရာပါ အားနည်းချက်အနေနှင့် သာမန်လူများထက် ပါးစပ်အရွယ်အစားမှာ ပိုပြီးကျယ်နေခဲ့သည်။
ထို့ကြောင့် ငယ်စဥ်က သူငယ်ချင်း အပေါင်းများဧ။် အာပြဲမ ဆိုပြီး ကဲ့ရဲ့လှောင်ပြောင်ခြင်းများကို အမြဲလိုလို ခ့ခဲ့ရပြီး မျက်နှာသူငယ်လေးနှင့် ဖြတ်သန်းနေထိုင်လာခဲ့ရသည်။
အမျိုးသမီးသည် အသက်ကြီးလာသည်နှင့်အမျှ သူမဧ။် ပါးစပ်မှာလည်း ပိုကြီးပိုကျယ်လာခဲ့ရာ ပါးစပ်ဟလိုက်လျှင် ၆.၅စင်တီမီတာထိ ရှိပြီး သူမဧ။် Tik Tokအကောင့်တွင် အစားများအပြည့်စားပြခြင်းဖြင့် လူသိများလာခဲ့သည်။
နောက်ဆုံးတွင် အမျိုးသမီးသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားကာ ပန်းသီးတစ်လုံးလုံးကိုပင် ပါးစပ်ထဲ ထည့်ပြနိုင်ခဲ့ရာ ကမ္ဘာ့အကြီးဆုံး ပါးစပ်ပိုင်ရှင်အဖြစ် ဂင်းနစ်စံချိန်ပင် တင်နိုင်ခဲ့သည်။
အမျိုးသမီးသည် ဘဝတစ်လျှောက်လုံးတွင် အမြဲတမ်းခွဲခြားဆက်ဆံလာခဲ့ရသည့် သူမအဖို့ နာမည်ကြီးသူတစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားသည့်အတွက် အလွန်ဝမ်းသားမိကြောင်း ဆိုခဲ့သည်။
Zawgyi
၆.၅စင်တီမီတာထိ ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးပါးစပ်ဖြင့် စံချိန်တင်နိုင်ခဲ့သော အမျိုးသမီး