ဗဟုသုတ

ဖခင်ကြီးကို ချစ်ခင်ကြတဲ့ ပရိသတ်နဲ့အတူ ဖခင်ကြီး တစ်လပြည့်မှာ အမှတ်တရလေးတစ်ခုဖန်တီးဖို့စီစဉ်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့် လူရွှင်တော်ကြီး ဦးမေတ္တာကတော့ ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က ဆုံးပါးကွယ်လွန်သွားခဲ့ပေမဲ့ ပရိသတ်တွေကတော့ ဦးမေတ္တာကို သတိရစဲပါ။

ဖခင်ကြီးကို တမ်းတလွမ်းဆွတ်နေတဲ့ ပရိသတ်တွေနဲ့ အတူ ဖခင်ကြီးအတွက် အမှတ်တရလေးတစ်ခု ဖန်တီးပေးဖို့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက စီစဉ်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်းကတော့ မကြာခင်ရက်ပိုင်းမှာ ဖခင်ကြီး ကွယ်လွန်တာတစ်လပြည့်လပတ်လည်လေးပြည့်မြောက်တော့မှာဖြစ်တဲ့အတွက် ဖခင်ကြီးကိုချစ်ကြ ရင်းနှီးကြတဲ့ အနုပညာရှင်တွေ မိသားစုပရိသတ်တွေ ဖခင်ကြီးရဲ့ မိတ်ဆွေအပေါင်းသင်းတွေကို သူ့ရဲ့စိတ်ကူးထားတဲ့ အစီစဉ်လေးမှာ ပါဝင်ပေးကြဖို့ အကူညီတောင်းခံလာခဲ့တာပါ။

ဖခင်ကြီးတစ်လပြည့်နေ့လေးမှာ ဖခင်ကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရစကားလေးတွေကို ဗီဒီယိုရိုက်ကူးပြီး သူ့ဆီကို ပို့ပေးရမှာပဲဖြစ်ပါတယ်။

သူ့ရဲ့Facebook ChatBox ကနေလည်း ပို့ပေးနိုင်သလို E Mail လေးနဲ့လည်း ပို့ပေးလို့ရပါတယ်တဲ့။

ပရိသတ်ကြီးရေ မေတ္တာမြင့်မြတ်ဟိန်းကတော့ ပေးပို့လာတဲ့ ဗီဒီယိုလေးတွေကို စနစ်တကျစုစည်းပြီး မှတ်တမ်းလေးတစ်ခုအနေနဲ့ အမှတ်တရ သိမ်းဆည်းသွားမှာပါတဲ့။

Source – Myittar Myint Myat Hein

-Zawgyi Font ဖြင့် ဖတ်ရန်-

ဖခင်ကြီးကို ချစ်ခင်ကြတဲ့ ပရိသတ်နဲ့ ဖခင်ကြီး တစ်လပြည့်မှာ အမှတ်တရလေးတစ်ခုဖန်တီးဖို့စီစဉ်နေတဲ့ မေတ္တာမြင့်မြတ်ဟိန်း




