Beel ရဲ့မိဘများက မကြာသေးမီကမှကွာရှင်းပြတ်စဲခဲ့ကြပြီး ယခုအခါ Beel ဟာ သူမရဲ့မောင်လေးနှစ်ယောက်နှင့်အတူ သူမတို့အဘိုးအိမ်မှာ နေထိုင်လျက်ရှိကြပါတယ်။
Beel ရဲ့ အဘွားက ကြက်ကြော်ဆိုင်ဖွင့်ထားပြီး ရက်သတ္တပတ်များမှာ ဆိုင်ဖွင့်ဖို့အတွက် အလုပ်များနေခဲ့တာကြောင့် Beel ဟာ ဆိုင်ရှိခက်ခဲတဲ့လုပ်ငန်းစဉ်ထဲမှ ကြက်ကြော်ကြော်တဲ့တာဝန်ကို သူမစမ်းလုပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
Beel က ငယ်ရွယ်သေးတဲ့အပြင် လုံလောက်တဲ့အရပ်အမောင်းလည်းမရောက်သေးတာကြောင့် သူမအတွက် fryer ရဲ့အမြင့်ကိုလျှော့ချပြီး ပြင်ဆင်ပေးခဲ့ရပါတယ်။ Beel ဟာ ကြော်စက်များကိုစီမံခန့်ခွဲရာမှာ အလွန်ကျွမ်းကျင်တာကြောင့် ရွှေညိုရောင်သန်းပြီး ကြွပ်ရွနေတဲ့ကြက်သားကြော်တာဝန်ကို ယူရန် အဘွားဖြစ်သူက သူမအား တာဝန် ပေးအပ်ခဲ့ပါတယ်။
ဆိုင်သို့ ပုံမှန်လာနေကြဖောက်သည်များက သူမအား အံ့အားသင့်သွားခဲ့ကြပြီး သူမရဲ့တာဝန်ယူမှုအပေါ် ကိုလည်း ချီးကျူးစကားဆိုခဲ့ကြပါတယ်။ Beel မှာ ဆိုင်ကိုပိုင်နိုင်တဲ့သူဌေးတစ်ဦး ရဲ့ ဩဇာအာဏာရှိနေပါတယ်။
ဆိုင်ကို သူမကိုယ်တိုင်စီမံခန့်ခွဲတဲ့အပြင် သူမရဲ့မောင်လေးနှစ်ယောက်ကိုလည်း ဂရုစိုက်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့အဘိုးအဘွားများက ဆိုင်မှာအလုပ်များနေခြင်း (သို့) အခြားတစ်နေရာမှာအလုပ်များနေတဲ့အခါမှာတော့ Beel က သူမရဲ့မောင်နှမများကို တာဝန်ယူပေးရပါတယ်။
ဆိုင်ရဲ့ပုံမှန်ဖောက်သည်တစ်ဦးက Beel ရဲ့အဖြစ်အပျက်နှင့် သူမရဲ့ကျွမ်းကျင်မှုကို Online ပေါ် မှာ တင်ခဲ့ပြီးနောက်မှာ Beel ရဲ့အရည်အချင်းများက Netizen များစွာအား အံ့အားသင့်သွားစေခဲ့ပါတယ်။
Beel ရဲ့internet ပေါ်ရှိကျော်ကြားမှုများကြောင့် သူမတို့ဆိုင်ကို ၀ယ်သူတွေပိုများလာတာကလည်း ဝမ်းသာစရာတစ်ခုလို့ဆိုနိုင်ပါတယ်။