ဗဟုသုတ

ငရုတ်သီးကို ကြိုက်လွန်းလို့ တစ်ရက်ကို 3 ကီလိုအထိတောင် စားတယ်ဆိုတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံသား Pyare Mohan အမည်ရ အသက် 40 အရွယ် အမျိုးသားဟာ ငရုတ်သီးကို အလွန်စွဲလမ်းနှစ်ခြိုက်သူ ဖြစ်ပြီး တစ်နေ့ကို 3 ကီလိုအထိ(7 ပေါင်ခန့်) ကုန်အောင်စားလေ့ရှိတယ်လို့ ဆိုပါတယ်။

သူဟာ ငရုတ်သီးဆို အစိမ်းပဲ ဖြစ်ဖြစ်၊ အနီပဲဖြစ်ဖြစ်၊ အမှုန့်ကြိတ်ပြီးသားပဲဖြစ်ဖြစ် ငရုတ်သီးသာဖြစ်ပါစေ ဘာလာလာဒေါင်းပြီးသားလို့ ဆိုပါတယ်။

သူဟာ ငရုပ်သီးဆိုရင် စပ်မှသဘောကျပြီး၊ ငရုတ်သမီးမပါတဲ့နေ့ ထမင်းစားရတာ မဝဘူးလို့လည်း ဆိုပါတယ်။ ထမင်းတစ်နပ်အတွက် အနည်းဆုံး ငရုတ်သီး တစ်ကီလိုလောက်မှ မရှိရင် စားလို့မဖြောင့်ဘူးလို့လည်းသူက ဆိုပါတယ်။

Mohan က ” ထမင်းတစ်နပ်မှာ ငရုတ်သီးတစ်ကီလိုတော့ မရှိမဖြစ် လိုအပ်ပါတယ် .. မိန်းမကိုလည်း ဘယ်ဟင်းကိုချက်ချက်ငရုတ်သီး နဲ့ပဲချက်ဖို့ ပြောထားရတယ် .. သူတို့က စလက်ရွက်ကို မြုပ်စားတယ် … ကျနော်ကတော့ ငရုတ်သီးပေါ့ “လို့ ပြောခဲ့ပါ တယ်။

Mohan က ဆက်လက်ပြီး ” ငရုတ်သီးမပါရင်တော့ ထမင်းစားရတာလည်း မဝဘူး .. စားရတယ်လို့တောင် မထင်ပါဘူး “လို့ ပြောပါတယ်။ သူဟာ Madhya Pradesh ပြည်နယ်မှာတည်ရှိတဲ့ သူတို့ရွာနီးချုပ်စပ်မှာတော့ Cele တစ်ယောက်ပါ ဘဲ။ တစ်ချို့က သူ ငရုတ်သီးနဲ့ အားရပါးရ ထမင်းစားနေတာကို လာပြီးကြည့်တဲ့သူတွေတောင် ရှိပါတယ်။

Mohan ဟာ မင်္ဂလာနဲ့ ဘာသာရေးပွဲတော်တွေမှာ တူရိယာအခစားတီးမှုတ်ခြင်းနဲ့ မိသားစုကို ဝင်ငွေရှာပေးနေသူ ဖြစ်ပါ တယ်။

ကလေးသုံးယောက်ရှိပါတယ်။ တစ်ချို့က ဒီလောက် လွန်လွန်ကျွံကျွံငရုတ်သီးစားတာ အစာအိမ် ဒုက္ခမရောက်ဘူးလား မေးတော့ Mohan က “စားတာက ဘာမှမဖြစ်ဘူး .. မစားရတာက ဖြစ်တာ “လို့ ပြန်ပြောလေ့ရှိပါတယ်။

သူက ငရုတ်သီးက သူ့ကို ဒုက္ခမပေးဖူးကြောင်း၊ အခုအချိန်ထိ သူ နေမကောင်းဖျားနာ မဖြစ်ခြင်းမှာ ငရုတ်သီးရဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း၊ အခုလို တစ်နေ့ကို သုံးကီလိုလောက် ဆက်တိုက်စားခဲ့တာ 6 နှစ်ရှိပြီဖြစ်ပြီး၊ ဘယ်တုန်းကမှ သူ့ကို ငရုတ်သီးက ဒုက္ခမပေးခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသား Pyare Mohan အမည်ရ အသက် 40 အရွယ် အမျိုးသားဟာ ငရုတ်သီးကို အလွန်စွဲလမ်းနှစ်ခြိုက်သူ ဖြစ်ပြီး တစ်နေ့ကို 3 ကီလိုအထိ(7 ပေါင်ခန့်) ကုန်အောင်စားလေ့ရှိတယ်လို့ ဆိုပါတယ်။

သူဟာ ငရုတ်သီးဆို အစိမ်းပဲ ဖြစ်ဖြစ်၊ အနီပဲဖြစ်ဖြစ်၊ အမှုန့်ကြိတ်ပြီးသားပဲဖြစ်ဖြစ် ငရုတ်သီးသာဖြစ်ပါစေ ဘာလာလာဒေါင်းပြီးသားလို့ ဆိုပါတယ်။

သူဟာ ငရုပ်သီးဆိုရင် စပ်မှသဘောကျပြီး၊ ငရုတ်သမီးမပါတဲ့နေ့ ထမင်းစားရတာ မဝဘူးလို့လည်း ဆိုပါတယ်။ ထမင်းတစ်နပ်အတွက် အနည်းဆုံး ငရုတ်သီး တစ်ကီလိုလောက်မှ မရှိရင် စားလို့မဖြောင့်ဘူးလို့လည်းသူက ဆိုပါတယ်။

Mohan က ” ထမင်းတစ်နပ်မှာ ငရုတ်သီးတစ်ကီလိုတော့ မရှိမဖြစ် လိုအပ်ပါတယ် .. မိန်းမကိုလည်း ဘယ်ဟင်းကိုချက်ချက် ငရုတ်သီး နဲ့ပဲချက်ဖို့ ပြောထားရတယ် .. သူတို့က စလက်ရွက်ကို မြုပ်စားတယ် … ကျနော်ကတော့ ငရုတ်သီးပေါ့ “လို့ ပြောခဲ့ပါ တယ်။

Mohan က ဆက်လက်ပြီး ” ငရုတ်သီးမပါရင်တော့ ထမင်းစားရတာလည်း မဝဘူး .. စားရတယ်လို့တောင် မထင်ပါဘူး “လို့ ပြောပါတယ်။ သူဟာMadhya Pradesh ပြည်နယ်မှာတည်ရှိတဲ့ သူတို့ရွာနီးချုပ်စပ်မှာတော့ Cele တစ်ယောက်ပါ ဘဲ။

တစ်ချို့က သူ ငရုတ်သီးနဲ့ အားရပါးရ ထမင်းစားနေတာကို လာပြီးကြည့်တဲ့သူတွေတောင် ရှိပါတယ်။

Mohan ဟာ မင်္ဂလာနဲ့ ဘာသာရေးပွဲတော်တွေမှာ တူရိယာအခစားတီးမှုတ်ခြင်းနဲ့ မိသားစုကို ဝင်ငွေရှာပေးနေသူ ဖြစ်ပါ တယ်။ ကလေးသုံးယောက် ရှိပါတယ်။

တစ်ချို့က ဒီလောက် လွန်လွန်ကျွံကျွံငရုတ်သီးစားတာ အစာအိမ် ဒုက္ခမရောက်ဘူးလား မေးတော့ Mohan က “စားတာက ဘာမှမဖြစ်ဘူး .. မစားရတာက ဖြစ်တာ “လို့ ပြန်ပြောလေ့ရှိပါတယ်။

သူက ငရုတ်သီးက သူ့ကို ဒုက္ခမပေးဖူးကြောင်း၊ အခုအချိန်ထိ သူ နေမကောင်းဖျားနာ မဖြစ်ခြင်းမှာ ငရုတ်သီးရဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း၊ အခုလိုတစ်နေ့ကို သုံးကီလိုလောက် ဆက်တိုက်စားခဲ့တာ 6 နှစ်ရှိပြီဖြစ်ပြီး၊ ဘယ်တုန်းကမှ သူ့ကို ငရုတ်သီးက ဒုက္ခမပေးခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။