အသက် ၆၆ နှစ်ရှိ မစ္စတာ Phatphong Ruangkrua ဟာ သွေးတိုးရောဂါကြောင့် ညာဘက်မျက်စိတစ်ဖက်ကွယ်သွားခဲ့ပါတယ် ။ နှလုံးရောဂါနဲ့ အဆုတ်ရေလွှမ်းမိုးမှု ခံစားနေရတဲ့ သူ့ရဲ့ ၅၉ နှစ်အရွယ်ဇနီး Borom Sonpheng ဟာ နှလုံးအားနည်းခြင်းကို အကြိမ်ကြိမ်ခံစားခဲ့ရပါတယ် ။
သူတို့ဇနီးမောင်နှံဟာ Covid-19 ကြောင့် အလုပ်မလုပ်ရဘဲ အစာတွေပျက်နေတာကြောင့် အေဂျင်စီကိုအကူအညီတောင်းခဲ့ပါတယ် ။ သူတို့ငှားနေတဲ့အိမ်က အိမ်ရှင်ကိုလည်း အိမ်လခပေးရမာနဲ့ စားစရာတွေလည်း လိုအပ်နေတာကြောင့် အိမ်နီးချင်းများကို ဆန်နဲ့ ဆားအနည်းငယ်ရဖို့ အသက်ဆက်ရှင်ရန် တောင်းခံခဲ့ပါတယ် ။
၂၀၂၁ ခုနှစ်သြဂုတ်လ ၂၂ ရက်မှာ မစ္စစ် Sutharat Arunbunjerdkul ဒုတိယအတွင်းဝန် Pak Kret မြူနီစီပယ်မှ စည်ပင်အရာရှိများနဲ့အတူ မျက်မမြင်အဖိုးတို့ ငှားရမ်းထားတဲ့အိမ်ကို ဆန်နဲ့ အခြောက်အစားအစာများ ယူဆောင်လာပေးခဲ့ပါတယ် ။
မစ္စစ် Sutharat Arunbunjerdkul က သူမဟာ အဘိုးနဲ့ အဘွားတို့ ဇနီးမောင်နှံရဲ့ အခက်အခဲအကြောင်းစုံကို ဝေမျှပြီးတဲ့နောက် Pak Kret မြူနီစီပယ်မှ ပရဟိတအလှူရှင်တွေက ပါဝင်ကူညီခဲ့လို့ ဝမ်းသာခဲ့ရပါတယ် ။ နောက်ပိုင်းမှာ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးမှ တာဝန်ရှိသူများက စစ်ဆေးခြင်းနဲ့ ကနဦးအကူအညီလိုနေတဲ့ ဦးလေးနဲ့ အဒေါ်တို့ကို ကူညီခဲ့ပါတယ် ။
မစ္စတာ Phatphong နဲ့ Ms. Borom Sonpheng တို့ဇနီးမောင်နှံက သူတို့စားနပ်ရိက္ခာတွေ ရရှိရန် ကူညီပေးတဲ့ စေတနာရှိသူများကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ် ။
Zawgyi
အသက် ၆၆ နှစ်ရှိ မစ္စတာ Phatphong Ruangkrua ဟာ သွေးတိုးရောဂါကြောင့် ညာဘက်မျက်စိတစ်ဖက်ကွယ်သွားခဲ့ပါတယ် ။ နှလုံးရောဂါနဲ့ အဆုတ်ရေလွှမ်းမိုးမှု ခံစားနေရတဲ့ သူ့ရဲ့ ၅၉ နှစ်အရွယ်ဇနီး Borom Sonpheng ဟာ နှလုံးအားနည်းခြင်းကို အကြိမ်ကြိမ်ခံစားခဲ့ရပါတယ် ။
သူတို့ဇနီးမောင်နှံဟာ Covid-19 ကြောင့် အလုပ်မလုပ်ရဘဲ အစာတွေပျက်နေတာကြောင့် အေဂျင်စီကိုအကူအညီတောင်းခဲ့ပါတယ် ။ သူတို့ငှားနေတဲ့အိမ်က အိမ်ရှင်ကိုလည်း အိမ်လခပေးရမာနဲ့ စားစရာတွေလည်း လိုအပ်နေတာကြောင့် အိမ်နီးချင်းများကို ဆန်နဲ့ ဆားအနည်းငယ်ရဖို့ အသက်ဆက်ရှင်ရန် တောင်းခံခဲ့ပါတယ် ။
၂၀၂၁ ခုနှစ်သြဂုတ်လ ၂၂ ရက်မှာ မစ္စစ် Sutharat Arunbunjerdkul ဒုတိယအတွင်းဝန် Pak Kret မြူနီစီပယ်မှ စည်ပင်အရာရှိများနဲ့အတူ မျက်မမြင်အဖိုးတို့ ငှားရမ်းထားတဲ့အိမ်ကို ဆန်နဲ့ အခြောက်အစားအစာများ ယူဆောင်လာပေးခဲ့ပါတယ် ။
မစ္စစ် Sutharat Arunbunjerdkul က သူမဟာ အဘိုးနဲ့ အဘွားတို့ ဇနီးမောင်နှံရဲ့ အခက်အခဲအကြောင်းစုံကို ဝေမျှပြီးတဲ့နောက် Pak Kret မြူနီစီပယ်မှ ပရဟိတအလှူရှင်တွေက ပါဝင်ကူညီခဲ့လို့ ဝမ်းသာခဲ့ရပါတယ် ။
နောက်ပိုင်းမှာ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးမှ တာဝန်ရှိသူများက စစ်ဆေးခြင်းနဲ့ ကနဦးအကူအညီလိုနေတဲ့ ဦးလေးနဲ့ အဒေါ်တို့ကို ကူညီခဲ့ပါတယ် ။ မစ္စတာ Phatphong နဲ့ Ms. Borom Sonpheng တို့ဇနီးမောင်နှံက သူတို့စားနပ်ရိက္ခာတွေ ရရှိရန် ကူညီပေးတဲ့ စေတနာရှိသူများကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ် ။