ဗဟုသုတ

စာသင်ခန်းထဲတွင် အတန်းဖော်သူငယ်ချင်းများအား ကော်ဖီရောင်းချကာ ဝင်ငွေရှာဖွေရင်း ပညာသင်ကြားနေသည့် ကျောင်းသားလေး

စာဖတ်သူတို့အနေဖြင့်လည်း ကျောင်းတတ်နေသေးပြီး ပညာသင်ကြားနေ၍ အသုံးစရိတ်များကို မိဘထံမှမတောင်းဘဲ ကိုယ်တိုင်ရှာဖွေချင်တယ်ဆိုလျှင် ယခုကျောင်းသားလေး၏ ကြိုးစားမှုကို အတုယူလိုက်ပါလို့ အကြံပေးချင်ပါတယ်။

ယခုကျောင်းသားလေးဟာ ဖိလစ်ပိုင်နိုင်ငံမှ Paolo Gulapaဆိုသည့် အထက်ကျောင်းသားလေးဘဲဖြစ်ပါတယ်။ကျောင်းသားလေးဟာ သူ၏စာသင်ခန်းရှေ့တွင် ဆိုင်းဘုတ်လေးကို ချိတ်ထားခဲ့ပြီး ကော်ဖီရရှိနိုင်ကြောင်း ကြေညာရင်း ရောင်းချနေခဲ့တာဖြစ်ပါတယ်။

ကျောင်းသားလေးဟာ အသုံးစရိတ်လေးတွေကို ကိုယ်တိုင်ရှာဖွေနိုင်ရန်အတွက်နှင့် ငွေစုဆောင်းပြီး မိဘကို ပြန်လည်ထောက်ပံံ့ပေးနိုင်ရန်အတွက် စိတ်ကူးရရှိသွားခြင်းဖြစ်ပါတယ်။ကောင်လေးဟာ စာသင်ခန်းထဲတွင် ရေနွေးအိုးလေးတစ်လုံးတည်ပြီး တစ်ခါသုံးခွက်လေးဖြင့်အတန်းဖော်သူငယ်ချင်းတွေကို ကော်ဖီရောင်းချနေခဲ့တာဖြစ်ပါတယ်။

Unicode