ဖခင်ဖြစ်သူနဲ့တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့ သူတတ်နိုင်တာလေးတွေ ကူညီလုပ်ကိုင်ပေးနေတဲ့ သမီးလေးစုထက်ဝိုင်း
မိုးကုတ်မြို့က ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဦးစိုးဌေးကို ဖမ်းမမိတာကြောင့် သမီးလေးစုထက်ဝိုင်းအပါအဝင် သားအမိသုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
သမီးလေးစုထက်ဝိုင်းကတော့ အကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး ဘေးကင်းရာနေရာမှာ ဖခင်ဖြစ်သူနဲ့အတူ နေထိုင်နေပါတယ်။ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူကတော့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရပြီး မန္တလေးက အိုးဘိုထောင်သို့ ပို့ဆောင်ခြင်းခံလိုက်ရပါတယ်။
ယခုမှာတော့ သမီးလေးစုထက်ဝိုင်းဟာ ဖခင်ဖြစ်သူနဲ့ တော်လှန်ရေးရဲဘော်တွေ စားသောက်ဖို့အတွက် ငရုတ်ဆုံလေးထောင်းပြီး သူတတ်နိုင်သလောက်လေး ကူညီပေးနေခဲ့ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ဖခင်အတွက် အားကိုးနေရပြီး တတ်နိုင်တဲ့ ဘက်က ကူညီပေးနေတဲ့ သမီးလေးစုထက်ဝိုင်းကို ကြည့်ကာ ပြည်သူတွေက ချစ်ခင်နေကြပါတယ်။
ဖခင်ဦးစိုးဌေးကတော့ ဘယ်လိုနေရာရောက်ရောက် အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးဆင်နွှဲနေကြတဲ့ သမီးလေးစုထက်ဝိုင်းနဲ့ ထောင်ထဲရောက်နေတဲ့ သမီးကြီးကြောင့် တိုက်ပွဲဝင်ရင်း သေရမယ်ဆိုရင်တောင် သေရဲပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ဦးစိုးဌေးကတော့ သမီးလေးစုထက်ဝိုင်းက ဖေဖေနဲ့ရဲဘော်တွေကို ကူညီတတ်နေပြီဖြစ်ကြောင်း၊သမီးကြီးကတော့ မန္တလေးအိုးဘိုထောင်ထဲမှာ ပညာသင်နေဆဲဖြစ်ကြောင်း၊ ဘယ်လိုနေရာရောက်ရောက် အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်တော်လှန်နေမယ့် မျိုးဆက်တစ်ခုရှိပြီဖြစ်တာကြောင့် တိုက်ပွဲဝင်ရင်း သေရမယ်ဆိုရင်တောင် သေလို့ရပြီဖြစ်ကြောင်း ရေးသားထားပါတယ်။
ဖေဖေနဲ့ ရဲဘော်ဦးလေးကြီးတွေကို သူတတ်နိုင်သလောက်လေး ကူညီပေးနေတဲ့ သမီးလေးစုထက်ဝိုင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။