ဗဟုသုတ

အသုဘအခမ်းအနားကို ပန်းတွေနဲ့ အလှဆင်မဲ့အစား ခေါက်ဆွဲခြောက်နဲ့ ဆန်ကို အလှဆင်ပြီးလိုအပ်သူများအား ဖြန့်ဝေပေးခဲ့တဲ့ မိသားစု

မကြာသေးခင်က Nakhon Ratcgasima ပြည်နယ်ရှိ Nang Noi Setaputta လို့ခေါ်တဲ့ အသက် ၈၀ အရွယ်အမျိုးသမီးက ကွယ်လွန်သွားပြီး မီးသဂြိုဟ် ပြုလုပ်ခဲ့ပါတယ် ။ မီးသင်္ဂြိုဟ်ရာမှာ မီးသင်္ဂြိုဟ်ရာပတ်ပတ်လည်ရှိ လမ်းများကို ခေါက်ဆွဲခြောက်ထုပ်များနဲ့ အလှဆင်ထားခြင်း၊ ဆန်အိတ်များနဲ့ အလှဆင်ခြင်းဖြင့် ဖန်တီးပြုလုပ်ခဲ့ပါတယ် ။

Nakhon Ratchasima ပြည်နယ်၊ Johor ရဲစခန်းရဲ့ ရဲမှူးကြီး Kachen Setaputta ဟာ သေဆုံးသူရဲ့သားဖြစ်ပြီး သူ့ရဲ့အမေက ဆင်းရဲနွမ်းပါးသူများကို ကူညီတတ်တဲ့ အလေ့ရှိတယ်လို့ ဆိုပါတယ် ။ ဒါ့ကြောင့် မိသားစုတွေက သူမရဲ့ဈာပနမီးသဂြိုလ်ပွဲမှာ ပန်းတွေကို အလှဆင်မဲ့အစား အစားအစာတွေနဲ့ အလှဆင်ဖို့ စီစဥ်ပေးခဲ့တာပါ ။

ပန်းဆိုင် Mae Kim Heng ဈေးသစ်ကို ညှိနှိုင်းခြင်းဖြင့် မီးသဂြိုလ်ရန် ခေါက်ဆွဲခြောက်ထုပ် ၂,၀၀၀၊ ခေါက်ဆွဲခြောက်ဘူး ၆၀၀ နဲ့ ဆန် ၅ ကီလိုဂရမ် အိတ် ၈၀ ကို သုံးပြီး အလှဆင်ရန် ပြုလုပ်ခဲ့ပါတယ် ။

ဈာပနအပြီးမှာ မိသားစုက ခေါက်ဆွဲခြောက်များ နဲ့ ဆန်အိတ်များအားလုံးကို ဒုက္ခရောက်နေသူများနဲ့ COVID-19 ကပ်ရောဂါအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကို ပြန်လည်လှူဒါန်းရန် ဖြစ်ပါတယ် ။

Zawgyi

မကြာသေးခင်က Nakhon Ratcgasima ပြည်နယ်ရှိ Nang Noi Setaputta လို့ခေါ်တဲ့ အသက် ၈၀ အရွယ်အမျိုးသမီးက ကွယ်လွန်သွားပြီး မီးသဂြိုဟ် ပြုလုပ်ခဲ့ပါတယ် ။ မီးသြင်္ဂိုဟ်ရာမှာ မီးသြင်္ဂိုဟ်ရာပတ်ပတ်လည်ရှိ လမ်းများကို ခေါက်ဆွဲခြောက်ထုပ်များနဲ့ အလှဆင်ထားခြင်း၊ ဆန်အိတ်များနဲ့ အလှဆင်ခြင်းဖြင့် ဖန်တီးပြုလုပ်ခဲ့ပါတယ် ။

Nakhon Ratchasima ပြည်နယ်၊ Johor ရဲစခန်းရဲ့ ရဲမှူးကြီး Kachen Setaputta ဟာ သေဆုံးသူရဲ့သားဖြစ်ပြီး သူ့ရဲ့အမေက ဆင်းရဲနွမ်းပါးသူများကို ကူညီတတ်တဲ့ အလေ့ရှိတယ်လို့ ဆိုပါတယ် ။ ဒါ့ကြောင့် မိသားစုတွေက သူမရဲ့ဈာပနမီးသဂြိုလ်ပွဲမှာ ပန်းတွေကို အလှဆင်မဲ့အစား အစားအစာတွေနဲ့ အလှဆင်ဖို့ စီစဉ်ပေးခဲ့တာပါ ။