ဗဟုသုတ

“မြန်မာနိုင်ငံဗိုလ်ချုပ်များ၏ အံ့ဘွယ်(၁၀)ပါး ထူးခြားသော ဂုဏ်ရည်များ…”

(၁) လာဘ်မစားပဲ ထူးခြားစွာပင် သိန်းထောင်သောင်းချီ ချမ်းသာကြခြင်း။

(၂)နေစရာအိမ်ဂေဟာ၊ စီးစရာ ကားမဟာများလည်း အလိုအလျှောက် မြေမှပေါ်ထွက်လာ၍ အမည်ပေါက်ပြီး ဖြစ်ရခြင်း။

(၃)ရတနာရွှေငွေများစွာက အိမ်ပေါ်သို့အလိုလျှောက်တက်လာကာ ဝင်လာမစဲ တသဲသဲ ဖြစ်ရခြင်း။

(၄) မမွေးမကြွေးရပါလျှက်နှင့် အဘ ဟု ခေါ်ကြမည့်သားအဖြစ် ခံယူလိုသူ ကိတ္တိမသား ကိတ္တိမသမီးများစွာကို ရရှိခြင်း။

(၅) အကယ်၍ တစုံတဦးမှအကျင့်ပျက်ခြစားပါသည်ဟု ထိရောက်စွာအတိုင်ခံရပါကလည်း သိန်းသောင်းချီသော ရတနာများစွာနှင့်အငြိမ်းစားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရခြင်း။

(၆) အရပ်ဖက်ရှိ ဌာနဆိုင်ရာများသို့ပြောင်းရွှေ့ရာတွင်လည်း ထိုဌာနများ၏ ပညာ မှန်သမျှ သင်စရာ မလို အလိုလို တတ်မြောက်ကြပြီး၍ လိုအပ်သည်များကိုမှာကြားတတ်ခြင်း။

(၇) အရာရာကို တတ်စွမ်းကြသည့်အဌာရသတဆယ့်ရှစ်ရပ်ပညာကျော်များ ဖြစ်ကြသောကြောင့် ပညာရှင်ဆိုသူများ၏ စကားကို နားထောင်စရာမလိုပဲ ပညာရှင်ဆိုသူများကသာ ခေါင်းလေးငုံ့၍ နာခံကြရခြင်း။

(၈) ဦးစီးရသော ဌာနများက အရှုံးပြကာ ဆက်မလည်ပတ်နိုင်ပါသော်လည်း…ဘာစည်သူ ညာစည်သူ ဘွဲ့ပေါင်းစုံဖြင့် ပွဲလယ်တင့်ကြခြင်း။

(၉) မည်သည့်အကြောင်းဖြင့်ဖြစ်စေ သူ့နာမည်သုံးလိုက်ရုံဖြင့် ပြစ်မှုမှန်သမျှ ပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက်နိုင်ခြင်း။

(၁၀) ရွေးကောက်ပွဲဝင်စရာမလိုပဲ အမတ်ထိုင်ခုံအလိုလို ပေါ်ပေါက်နိုင်ခြင်း။

…စသည်…စသည် ….

#saithantzin