News

“စကစ ကို ချေမှုန်းဖို့ KIA ထဲဝင်ခဲ့တဲ့ ဂေါ်ရခါးလူမျိူး တစ်ယောက်ရဲ့ ရင်ဖွင့်စကားများ”

26.8.2021

ကျနော် Sanjay Pradhan. .။ ဂေါ်ရခါး တယောက်ပါ.. ။

အများဆုံးက ကျနော့်ကို နာမည်ဆိုးနဲ့ပဲ တွဲသိကြတယ်.. ။

စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်ရင်း ကချင်ပြည်နယ်က လွတ်မြောက်နယ်မြေ လိုင်ဇာ မြို့ကိုရောက်ခဲ့တာ ဒီနေ့ဆိုရက်ပေါင်း (၈၄) ရက်ရှိခဲ့ပြီ.. ။ ဒီရောက်မှ တိုင်းရင်းသားညီနောင်တွေရဲ့ ခံစားချက်တွေကို မြင်တွေ့ နားလည်လာပြီး.. ဒီစနစ်ဆိုးကြီးကို ပိုပို မုန်းတီးလာတယ်.. စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပိုနာကျည်း လာတယ်.. ရွံလာတယ်.. ။

ကျနော်ဟာ ကချင်ပြည်နယ်ကို ပထမဦးဆုံး ခြေချခဲ့တာဖြစ်ခဲ့ပေမဲ့အစိမ်းသက်သက်ဖြစ်မနေခဲ့ဘူး.။ဖော်ရွေ ပျူငှာ နွေးထွေးတဲ့ ဆက်ဆံမှုတွေ.. ပွင့်လင်းရိုးသားတဲ့ စိတ်ဓာတ်နဲ့ ခင်မင်မှုတွေကြားအချိန်တိုတိုအတွင်းမှာပဲ.. ကျနော်နဲ့ကချင်ပြည်နယ်..ကချင်ပြည်သူတွေ တသားတည်း ဖြစ်လို့… ။

ကျနော်တို့ မြန်မာဂေါ်ရခါးတွေရဲ့ ကနဦးသမိုင်းတွေကလည်း ကချင်ပြည်နယ်မှာပဲ အစပြုခဲ့ကြတယ်မဟုတ်လား.. ။ ကဖူ.. ကနောင် ဖူနောင်ဂေါ်ရခါးဆိုပြီးကချင်ညီနောင်တွေနဲ့ ဖက်ဆစ်တွေကို အတူတော်လှန်ခဲ့ကြဖူးတယ်.

ကချင် ရိန်ဂျားဆိုပြီလည်း အတူတူရဲရင့်ခဲ့ကြဖူးတယ်.. စည်ကားနေတဲ့ မြစ်ကြီးနားမြို့မတည်ခင်က အဲ့ဒီ့နေရာဟာ မင်းတို့ဂေါ်ရခါးတွေရဲ့ ကျွဲ၊နွား စားကျက်ပြင်ကြီးပေါ့..။

မဆုံးနိုင် မရိုးနိုင်တော့မဲ့ အတွေ့ကြုံတွေကြားမှာ ကျနော်ဟာ တက်ကြွ လန်းဆန်းလို့.. ။

ကျနော့်ဘိုးဘေးတွေ ချက်မြုပ်ရာ ဒီကချင်မြေဟာ. ကျနော့်မြေပေါ့။

ကချင်ပြည်သူတွေဟာ ကျနော့် မိသားစုတွေ.. ကျနော့်ညီနောင်တွေပဲပေါ့။ ဒါဟာ ကျနော့်အိမ်..အို.. ခံစားမှု အသစ်သစ်တွေက ကျနော့်ကို လုံခြုံ နွေးထွေးစေတယ်.. ။

ဘာပဲဖြစ်ဖြစ် ကချင်ပြည်သူတွေ ကျွေးတဲ့ ထမင်းနဲ့ ဟင်းကို ကျနော်စားခဲ့ပြီ.. သူတို့ပေးတဲ့ အိပ်ရာမှာ ကျနော် မှေးစက်ခဲ့ဖူးပြီ။

သူတို့ဟာ ကျနော့်မိဘတွေပဲ။

ကျနော်ဟာ ဂေါ်ရခါး တယောက်ဖြစ်တယ်..။ ဘိုးဘေးတွေရဲ့ မပြီးသေးတဲ့ အိမ်မက်ကို ဆက်မက်မယ်.. သမိုင်းသစ်တွေကို ရေးထိုးမယ်.. ဖူနောင် ဂေါ်ရခါး လို့မြတ်မြတ်နိုးနိုးခေါ်တဲ့ မာဂမ်ကြီးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး..

သူတို့ရဲ့ ခင်မင်မှု ယုံကြည်မှုတို့ကို ဘယ်သောအခါမှ အလွဲသုံးစားမလုပ်ဘူးလို့.. အိပ်မပျော်တဲ့ ညတွေတိုင်း ခါရာဘွမ်ကို ငေးကြည့်ရင်း ရင်ထဲကနေအကြိမ်ကြိမ် ကတိတွေပြုမိတယ်.. ။

အာဏာရှင်စနစ်ဆိုးကြီး ကျဆုံးသွားတဲ့အထိ ဒီတောင်တန်းကြီးတွေယမ်းငွေ့ပျယ်လို့ ငြိမ်းချမ်းလာသည်အထိ အရိုးကျေကျေ အရေခမ်းခမ်း အစွမ်းရှိသမျှ..ခုခံမယ်..တော်လှန်မယ်.. ။

ကျနော့်မြေ ကျနော့်မိသားစုနဲ့ ကျနော်ညီနောင်တွေအတွက် အသက်ပေးပြီး ကာကွယ်ဖို့က ကျနော့်တာဝန်ပဲ မဟုတ်လား..?

ဧကန်မုချ တောင်ခြေမှာ ခေါင်ရည်အိုးနဲ့ အောင်ပွဲခံမယ်.. ။

ဒါဟာ တို့ ရိုးရာ…တို့ အစဉ်လာပဲ… ။

#aungdang u ga

# နွယ်အောင်