News

“နိုင်ငံတော်ကို ယာယီထိန်းသိမ်း​စောင့်​ရှောက်​နေခြင်းသာဖြစ်ပြီးရေရှည် အုပ်ချုပ်သွားမှာမဟုတ်ဟု ဇော်မင်းထွန်း “ပြော”

၂၀၂၁ခုနှစ်၊သြဂုတ်၂၆ရက်။

ဒီက​နေ့မှာကျင်းပခဲ့တဲ့ စစ်​ကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော်တာဝန်ကို ရေရှည်ရယူသွားမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက စာနယ်ဇင်းနှင့် ဖိတ်ခေါ်သူတွေတက်ရောက်နေတဲ့ ယနေ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ပြောဆိုလိုက်တာပါ။

“”နိုင်ငံ​တော်မှာတရားဥပ​ဒေစိုးမိုးပြီး တည်ငြိမ်မှု ရ​စေဖို့ အိမ်စောင့်အစိုးရ ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး ဒါကို အ​ကြောင်းပြုပြီး နိုင်ငံတော်တာဝန်ကို ရေရှည်ရယူသွားမှာမဟုတ်ပါဘူး ။

တပ်မ​တော်နဲ့ အိမ်စောင့်အစိုးရအဖွဲ့က နိုင်ငံတာဝန်ကို ၂၀၂၃သြဂုတ်လအထိပဲ တာဝန်ယူမှာဖြစ်ပြီး အဲ့ဒီကာလမတိုင်ခင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ကာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးမယ်”” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်လက်ပြောဆိုခဲ့ခြင်းပဲဖြစ်ပါသည်။

#NUG_IT