ရန်ကုန်၊သြဂုတ်(၂၇)
KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌက ဩဂုတ် (၂၄) ရက်နေ့စွဲနဲ့ NUG၊ PDF အဖွဲ့ဝင်တွေ ကိုတပ်မဟာ(၆)နယ်မြေအတွင်း လက်မခံရန်ညွှန်းကြားထားတယ်ဆိုတဲ့ ကရင်ဘာသာနဲ့ရေးသားထားတဲ့ စာတစ်စောင်လူမှု့ကွန်ယက်မှာထွက်ပေါ်ခဲ့ပြီးနောက် ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က အခုလိုပြောဆိုခဲ့တာပါ။
“ကျွန်တော်တို့က ကိုယ်ချင်းစာတရားရှိတယ် ကျွန်တော်တို့ကိုယ်တိုင် နှစ် (၇၀) ကျော်ဒီလိုမျိုး တောတောင်ရေမြေမှာနေကြသော တောသူတောင်သားများဟာ တစ်လျှောက်လုံး စစ်ကောင်စီ၊ စစ်ကောင်စီမတိုင်ခင်ကတည်းက တစ်လျှောက်လုံးနှိပ်ကွပ်လာတာ။ ပြေးရလွှားရ မတည်မငြိမ်နေရတဲ့ ဘဝကို ကျွန်တော်တို့ ကိုယ်တိုင် ခံစားပြီးသားဖြစ်ပါတယ်။
အခုလို CDM လုပ်ပြီး တော့ လူငယ်တွေ ဝင်လာတဲ့အခါကျတော့ ကျွန်တော်တို့က ကိုယ်ချင်းစာစိတ်နဲ့ ကျွန်တော်တို့နဲ့ ဘဝတူတွေပါ ဆို ခံစားပြီး လက်ခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာမှ စိတ်ပူစရာမရှိဘူး” လို့ ပဒိုစောလစ္စတန်ကပြောပါတယ်။
C8News