ဗဟုသုတ

ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ လူရွှင်တော်မိုးစက်

ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာကို သွားရောက်ဂါရဝပြု ကန်တော့ခဲ့တဲ့ လူရွှင်တော်မိုးစက်

ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ကတော့ ဒီရက်ပိုင်းအတွင်းမှာစာဝတ်နေရေးကျပ်တည်းနေတဲ့ ဝါရင့် အနုပညာရှင်ကြီးတွေအတွက် သူတတ်နိုင်သလောက်လိုက်လံလှူဒါန်းပေးနေတာ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာကို သွားရောက် ဂါရဝပြုကန်တော့ ခဲ့ပါတယ်။

ဦးချစ်စရာကတော့ အသက် (၇၃)ကျော်ရှိနေခဲ့ပြီဖြစ်ပြီး ယခုတိုင် ပေါ့ပါးသွက်လက်ကာ ကျန်းမာရေးကတော့ ကောင်းနေဆဲပါတဲ့။

လူရွှင်တော်မိုးစက်ကတော့ သူ့ရဲ့ပထမဦးဆုံး ဓာတ်ပုံကြော်ငြာရိုက်ကူးရေးကနေ ရရှိတဲ့ အနုပညာကြေး (၅)သောင်းကျပ်နဲ့ သူလက်ထဲမှာရှိတဲ့ ငွေ (၂)သောင်းကျပ်ကို ပေါင်းပြီး စုစုပေါင်း (၇)သောင်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အခုလို ဦးချစ်စရာကို ထင်မှတ်မထားဘဲ ကန်တော့ခွင့်ရရှိခဲ့တဲ့အတွက် မိုးစက်က ပီတိဖြစ်နေခဲ့သလို ဦးချစ်စရာကလည်း အခုလို ခက်ခဲနေတဲ့ကာလမှာလာရောက် ဂါရဝပြုကန်တော့တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့ပါသေးတယ်တဲ့။

ပရိသတ်ကြီးရေ လူရွှင်တော်မိုးစက်ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Moe Sat

-Zawgyi Font ဖြင့် ဖတ်ရန်-

ဝါရင့္လူရႊင္ေတာ္ၾကီး ဦးခ်စ္စရာကို သြားေရာက္ဝါရဝျပဳကန္ေတာ့ခဲ့တဲ့ လူရႊင္ေတာ္မိုးစက္

ပရိသတ္ၾကီးေရ လူရႊင္ေတာ္မိုးစက္ကေတာ့ ဒီရက္ပိုင္းအတြင္းမွာစာဝတ္ေနေရးက်ပ္တည္းေနတဲ့ ဝါရင့္ အနုပညာရွင္ၾကီးေတြအတြက္ သူတတ္နိုင္သေလာက္ လိုက္လံလွဴဒါန္းေပးေနတာ ပရိသတ္ေတြ သိရွိျပီးသားျဖစ္မွာပါေနာ္။ ဒီေန႔မွာလည္း ဝါရင့္လူရႊင္ေတာ္ၾကီး ဦးခ်စ္စရာကို သြားေရာက္ ဂါရဝျပဳကန္ေတာ့ ခဲ့ပါတယ္။

ဦးခ်စ္စရာကေတာ့ အသက္ (၇၃)ေက်ာ္ရွိေနခဲ့ျပီျဖစ္ျပီး ယခုတိုင္ ေပါ့ပါူသြက္လတ္ကာ က်န္းမာေရးကေတာ့ ေကာင္းေနစဲပါတဲ့။

လူရႊင္ေတာ္မိုးစက္ကေတာ့ သူ႕ရဲ႕ပထမဦးဆံုး ဓာတ္ပံုေၾကာ္ျငာရိုက္ကူးေရးကေန ရရွိတဲ့ အနုပညာေၾကး (၅)ေသာင္းက်ပ္နဲ႕ သူလက္ထဲမွာရွိတဲ့ ေငြ (၂)ေသာင္းက်ပ္ကို ေပါင္းျပီး စုစုေပါင္း (၇)ေသာင္းက်ပ္ကို လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

အခုလို ဥိးခ်စ္စရာကို ထင္မွတ္မထားဘဲ ကန္ေတာ့ခြင့္ရရွိခဲ့တဲ့ အတြက္ မိုးစက္က ပီတိျဖစ္ေနခဲ့သလိုဦးခ်စ္စရာကလည္း အခုလို ခက္ခဲေနတဲ့ကာလမွာလာေရာက္ ဂါရဝျပဳကန္ေတာ့တဲ့အတြက္ အရမ္းေပ်ာ္ရႊင္ေနခဲ့ပါေသးတယ္တဲ့။

ပရိသတ္ၾကီးေရ လူရႊင္ေတာ္မိုးစက္ရဲ႕ မြန္ျမတ္လွတဲ့ အလွဴေလးကို ပရိသတ္ေတြသာဓုေခၚဆိုနိုင္ဖို႕ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။

ပရိသတ္ၾကီးေတြ သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။