News

“လူရွှင်တော်ကြီး ဦးချစ်စရာထံ ပထမဆုံး ရရှိတဲ့ ကြော်ငြာခ ကို သွားရောက် လှူဒါန်းခဲ့တဲ့ မိုးစက် “

လူရွှင်တော်ကြီး ဦးချစ်စရာထံ ပထမဆုံး ရရှိတဲ့ ကြော်ငြာခ ကို သွားရောက် လှူဒါန်းခဲ့တဲ့ >> မိုးစက် က ခုလိုရေးသားထားပါတယ်

ချစ်စရာကောင်းတဲ့ ဦးချစ်စရာ…😍

ပထမဦးဆုံးရတဲ့ ဓာတ်ပုံ​ကြော်ငြာ အနုပညာကြေး(၅၀၀၀၀) နဲ့

နောက်ထပ် ၂၀၀၀၀ ထပ်ဖြည့်ပြီး…လူရွှင်တော်ကြီးကို ဦးချစ်စရာကို (၇၀၀၀၀) ကျပ် ကန်တော့ခဲ့ပါတယ်…။🙏🙏🙏

ထင်မထားဘဲ လာကန်တော့တာဆိုတော့အရမ်းပျော်တာပေါ့ကွာ…တဲ့ ။

ကဲ ဓာတ်ပုံကတော့ ဘယ်ရက်ရိုက်ရမလဲမသိသေးဘူး

ပိုက်ဆံကတော့ ဆွဲလှူလိုက်ပြီ😅

အသက်(၇၃) နှစ်ကျော်နေပေမယ့်ကျန်းမာလန်းဆန်းနေတဲ့ ဦးချစ်စရာကြီးကို ကန်တော့ခွင့်ရတာဟာ…တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိတစ်ခုပေါ့ဗျာ…လို့ မိုးစက်က သူ့ရဲ့ လူမူကွန်ယက်မှာ ရေးသား ထားတာ ဖြစ်ပါတယ် ။