ဗဟုသုတ

မှတ်ပုံတင်ရန် စောင့်ဆိုင်းရင်း သားဖြစ်သူကို ထမင်းခွံ့ကျွေးနေတဲ့ မျက်မမြင်သက်ကြီးရွယ်အိုမိခင်တစ်ယောက်ရဲ့ အနှိုင်းမဲ့ချစ်မေတ္တာ

မှတ်ပုံတင်ရန် စောင့်နေစဉ် သက်ကြီးရွယ်အိုမိခင်တစ်ယောက်က သားဖြစ်သူ ထမင်းကျွေးနေတာကို မြင်ပြီး လူတွေကို တုန်လှုပ်စေခဲ့ပါတယ် ။ Kamphaeng Phet ရှိ Krung Thai Bank ဘဏ်ခွဲတစ်ခုရှေ့မှာ ထိုင်နေတဲ့ သက်ကြီးရွယ်အိုနှစ်ဦးရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ရပ်တစ်ခုကို Facebook သုံးစွဲသူ P’fon Kamonthip က ထုတ်ဖော်ပြသခဲ့ပါတယ် ။

၎င်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက် နံနက်ခင်း Channel 3 မှာ အဘိုးအဘွား နှစ်ဦးရဲ့ ရုပ်ပုံများကို များစွာမျှဝေပြီးနောက် ဒေသခံအာဏာပိုင်များက ကူညီစောင့်ရှောက်ရန်နဲ့ အကူအညီများစွာရရှိခဲ့ပါတယ် ။

၎င်းသက်ကြီးရွယ်အို နှစ်ဦးဟာ အသက် ၈၁ နှစ်အရွယ် Nang Noi နဲ့ ၆၃ နှစ်အရွယ် Mr. Chamnian တို့ဖြစ်ပြီး မိခင်နဲ့ သားဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ သူတို့က Kamphaeng Phet ခရိုင်၊ Wang Sai ရွာမှာ နေထိုင်ခဲ့တာပါ ။

သားဖြစ်သူ Mr. Chamnian က သူ့အမေနဲ့ အတူနေထိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့မိခင်က မှုန်ဝါးဝါးမျက်လုံးများဖြင့် ဘာကိုမှမမြင်နိုင်ပေမဲ့ ကုသဖို့အတွက် သူတို့မှာ ကိုယ်ပိုင်ငွေတွေမရှိဒါကြောင့် သူတို့က Krung Thai Bank မှာ မှတ်ပုံတင်ခဲ့ရတာပါ ။

ဒါပေမယ့် သူတို့ ၂ ရက်ဆက်တိုက် ရောက်လာ ပေမယ့် မှတ်ပုံမတင်ခဲ့ရပါဘူး ။ ထိုနေ့က သန်းခေါင်ယံမှစပြီး တတိယမြောက်နေ့ကို ဆက်လက်သွားရန် ဆုံးဖြတ်ခဲ့ပြီး အိမ်ကနေကို ဘဏ် ၃၅ ကီလိုမီတာ ကျော်သွားရပါတယ် ။ သူတို့သားအမိက ဘဏ်သို့ မသွားမီ နံနက် ၃ နာရီမှာ ထမင်းထုပ်များယူပြီး ဘဏ်သို့ရောက်ရှိတဲ့အခါမှာ သူတို့တွေက ထမင်းတွေစားပြီး စောင့်နေကြရပါတယ် ။

သားအမိနှစ်ယောက် မှတ်ပုံတင်ပြီးတာနဲ့ ဘဏ်ဝန်ထမ်းတွေက သက်ကြီးရွယ်အို သားအမိကို အိမ်သို့ ဂရုတစိုက်နဲ့ လိုက်ပို့ပေးခဲ့လိုက်ပါတယ် ။ အမိဖြစ်သူက သားကို ထမင်းခွံ့ကျွေးနေတဲ့ပုံလေးကို မြင်တော့ ဝမ်းနည်းသလိုလိုဖြစ်မိပါတယ်ဗျာ ။

Zawgyi

မွတ္ပုံတင္ရန္ ေစာင့္ေနစဥ္ သက္ႀကီး႐ြယ္အိုမိခင္တစ္ေယာက္က သားျဖစ္သူ ထမင္းေကြၽးေနတာကို ျမင္ၿပီး လူေတြကို တုန္လႈပ္ေစခဲ့ပါတယ္ ။ Kamphaeng Phet ရွိ Krung Thai Bank ဘဏ္ခြဲတစ္ခုေရွ႕မွာ ထိုင္ေနတဲ့ သက္ႀကီး႐ြယ္အိုႏွစ္ဦးရဲ႕ ထိတ္လန႔္တုန္လႈပ္ဖြယ္ရာျဖစ္ရပ္တစ္ခုကို Facebook သုံးစြဲသူ P’fon Kamonthip က ထုတ္ေဖာ္ျပသခဲ့ပါတယ္ ။

၎ကိစၥနဲ႔ ပတ္သက္ၿပီး ၂၀၂၁ ခုႏွစ္ ဇြန္ ၁၈ ရက္ နံနက္ခင္း Channel 3 မွာ အဘိုးအဘြား ႏွစ္ဦးရဲ႕ ႐ုပ္ပုံမ်ားကို မ်ားစြာမွ်ေဝၿပီးေနာက္ ေဒသခံအာဏာပိုင္မ်ားက ကူညီေစာင့္ေရွာက္ရန္နဲ႔ အကူအညီမ်ားစြာရရွိခဲ့ပါတယ္ ။

၎သက္ႀကီး႐ြယ္အို ႏွစ္ဦးဟာ အသက္ ၈၁ ႏွစ္အ႐ြယ္ Nang Noi နဲ႔ ၆၃ ႏွစ္အ႐ြယ္ Mr. Chamnian တို႔ျဖစ္ၿပီး မိခင္နဲ႔ သားျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္ ။ သူတို႔က Kamphaeng Phet ခ႐ိုင္၊ Wang Sai ႐ြာမွာ ေနထိုင္ခဲ့တာပါ ။

သားျဖစ္သူ Mr. Chamnian က သူ႔အေမနဲ႔ အတူေနထိုင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး သူ႔ရဲ႕မိခင္က မႈန္ဝါးဝါးမ်က္လုံးမ်ားျဖင့္ ဘာကိုမွမျမင္ႏိုင္ေပမဲ့ ကုသဖို႔အတြက္ သူတို႔မွာ ကိုယ္ပိုင္ေငြေတြမရွိဒါေၾကာင့္ သူတို႔က Krung Thai Bank မွာ မွတ္ပုံတင္ခဲ့ရတာပါ ။ ဒါေပမယ့္ သူတို႔ ၂ ရက္ဆက္တိုက္ ေရာက္လာ ေပမယ့္ မွတ္ပုံမတင္ခဲ့ရပါဘူး ။

ထိုေန႔က သန္းေခါင္ယံမွစၿပီး တတိယေျမာက္ေန႔ကို ဆက္လက္သြားရန္ ဆုံးျဖတ္ခဲ့ၿပီး အိမ္ကေနကို ဘဏ္ ၃၅ ကီလိုမီတာ ေက်ာ္သြားရပါတယ္ ။ သူတို႔သားအမိက ဘဏ္သို႔ မသြားမီ နံနက္ ၃ နာရီမွာ ထမင္းထုပ္မ်ားယူၿပီး ဘဏ္သို႔ေရာက္ရွိတဲ့အခါမွာ သူတို႔ေတြက ထမင္းေတြစားၿပီး ေစာင့္ေနၾကရပါတယ္ ။

သားအမိႏွစ္ေယာက္ မွတ္ပုံတင္ၿပီးတာနဲ႔ ဘဏ္ဝန္ထမ္းေတြက သက္ႀကီး႐ြယ္အို သားအမိကို အိမ္သို႔ ဂ႐ုတစိုက္နဲ႔ လိုက္ပို႔ေပးခဲ့လိုက္ပါတယ္ ။ အမိျဖစ္သူက သားကို ထမင္းခြံ႕ေကြၽးေနတဲ့ပုံေလးကို ျမင္ေတာ့ ဝမ္းနည္းသလိုလိုျဖစ္မိပါတယ္ဗ်ာ ။