ဗဟုသုတ

လွတ်မြောက်နယ်မြေတနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ Myanmar Idol အဆိုတော် ယောကီးရဲ့ ပုံရိပ်များ









Unicode

လွတ်မြောက်နယ်မြေတနေရာမှာစစ်ရေးလေ့ကျင့်နေတဲ့ Myanmar Idol အဆိုတော် ယောကီးရဲ့ ပုံရိပ်များ

မြန်မာ Idol အစီအစဉ်တွေမှာပရိသတ်တွေရဲ့အချစ်တွေကိုရယူထားနိုင်သူတွေထဲမှာလည်း ယောကီးလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။ အဆိုတော်ယောကီးကတော့ တိုင်းရင်းသားလေးတစ်ယောက်လည်းဖြစ်တာကြောင့်အပြောအဆိုလေးကလည်းပွင့်လင်းတာကြောင့်အိုင်ဒေါအဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း ချစ်ခင်ပြီးစနောက်နေကြတဲ့သူလေးဖြစ်ပါတယ်နော်။

ယောကီးကတော့အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုပိုင်ဆိုင်စွာသီဆိုတတ်သူဖြစ်ပေမဲ့ Voting စနစ်ရဲ့ရွေးချယ်မှုကြောင့်အဆိုပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရသူဖြစ်ပါတယ်။

ယောကီးတစ်ယောက် ပြိုင်ပွဲကနေမရှိတော့ပေမဲ့အနုပညာလမ်းကြောင်းပေါ်ကနေပျောက်ကွယ်မသွားဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့အပြင်ပရိသတ်တွေနဲ့လည်းအဆက်အသွယ်မပြတ်ဘဲဆက်သွယ်နေသူဖြစ်ပါတယ်နော်။

ခုလိုဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုကြောင့်အနုပညာရှင်တော်တော် များများလည်းလွတ်မြောက်နယ်မြေမှာရောက်ရှိနေကြပြီး၊ ပြည်သူနဲ့တစ်သားတည်းအာဏာရှင်ကိုတော်လှန်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်နော်။

အဲအထဲမှာယောကီးတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ယောကီးကလွတ်မြောက်နယ်မြေမှာစစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကိုသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာတင်လာခဲ့ပြီဖြစ်ပါတယ်နော်။

သူ့ရဲ့ပုံတွေအောက်မှာတော့ပြည်သူပရိသတ်တွေကလေးစားပြီးကျေးဇူးတင်ကြောင်းတွေနဲ့အတူအားပေးစကားတွေပြောပေးထားကြပါတယ်နော်။ပရိသတ်ကြီးလည်းယောကီးအတွက် အားဖြစ်စေမဲ့စကားလေးတစ်ခုခုလောက်ရေးပေးသွားကြပါဦး။