News

“CDM ကျောင်းဆရာ တစ်ဦးရဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်”

ငါနဲ့မတူ ငါ့ရန်သူ လို့ သတ်မှတ်ပြီး လက်နက်မဲ့ ဝန်ထမ်း CDM များကို ဖမ်းဆီး သတ်ဖြတ်နေတာ ဘယ်သူတွေလဲ ဆိုတာ သိကြမှာပါ။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် ၀၈၄၅ ချိန်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ၊ ဓမ္မစကူးလ် ဘုန်းတော်ကြီးကျောင်း၌ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ တအုံကျေးရွာ အထကကျောင်းမှ CDM ပြုလုပ်ထားရှိသည့် အထက်တန်းပြကျောင်းဆရာတစ်ဦး ဖြစ်သူ ဦးဆွေထူး(၄၆)နှစ်၊ အား ဖမ်းဆီးပြီး အခုလို စစ်သားများရှေ့ ဒူးထောက်ဝန်ခံ ခိုင်းခဲ့ကြောင်း သိရသည်။

ဒီပုံတင်ထားတဲ့ စစ်လော်ဘီအကောင့်တခုမှာ ဒီဆရာရဲ့ ရုပ်ရည်ကို အမျိုးမျိုးဝေဖန်ပြီး ဝိုင်းဟားနေကြတာတွေ့ရပါတယ်။ ဆရာ ဆိုတာ ရုပ်ချော မှ လား? လူစိတ်ပျောက်နေကြတာ မြင်မကောင်းဘူး။

ဒီလိုမြင်ကွင်းမျိုး မြင်ရတာ အရင်က လေးစားခဲ့ဖူးတဲ့ ဆရာများကို မြင်ယောင်ရင်း အရမ်းကို စိတ်ထိခိုက်ရပါတယ်။

ကျောင်းဆရာ တယောက်မှာ သူ့ကို ရိုသေလေးစား တဲ့ ကျောင်းသူ/သားတွေရှိမယ်။ သူ့ကို ဘုရားတဆူလို အားကိုးနေတဲ့ မိသားစု သားသမီးတွေရှိမယ်။ သူ့ကို ချစ်ခင်လေးစားတဲ့ လုပ်ဖေါ်ဆောင်ဖက်တွေရှိမယ်။ သူ့မှာ ခံယူချက်ခိုင်ခိုင်မာမာ ရှိတဲ့ နိုင်ငံရေး ရပ်တည်ချက် အပြည့်နဲ့ နိုင်ငံ့သားကောင်းစိတ်ဓါတ်ရှိမယ်။

ဒီ လို ပုဂ္ဂိုလ်မျိုးတွေကို လူမဆန်စွာ တိရိစ္ဆာလို ရက်စက်ပြနေတဲ့ အဖွဲ့ဟာ အမျိုး ဘာသာ သာသနာ အတွက် ဆိုတာ ဖြစ်နိုင်ပါ့မလား?