Australia နိုင်ငံ Perth မြို့မှ Anna နှင့် Lucy DeCinque အမည်ရှိအမွှာညီအစ်မနှစ်ယောက်တို့ဟာ တစ်ယောက်တည်းဖြစ်တဲ့ချစ်သူ Ben Byrne အမည်ရှိအမျိုးသားကို ၉ နှစ်ကျော်ကြာအထိ ပေါင်းချစ်ခဲ့ကြပါတယ်။
၎င်းတို့အမွှာညီအမဟာ တစ်သက်တာအိမ်မက်များတူညီရန်အတွက် “ လူတစ်ဦးတည်း “ကိုသာ ချစ်သူအဖြစ်အတူတူဝေမျှကာ ချစ်ခဲ့ကြတဲ့အပြင် တစ်ဦးနှင့်တစ်ဦး ရုပ်ချင်းဆင်တူသွားအောင် အစိတ်အပိုင်းတစ်ခုချင်းပြုပြင်ခြင်းများအတွက် ငွေအမြောက်အများကိုသုံးစွဲကာ ခွဲစိတ်ပြုပြင်ခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်မှာ ၎င်းတို့ဟာ အောင်မြင်စွာ ကုသနိုင်ခဲ့တဲ့အလှအပခွဲစိတ်ကုသမှုအတွက် ဒေါ်လာ ၂၅၀,၀၀၀ ကျော်အထိသုံးစွဲခဲ့တာကို ထုတ်ဖော်ပြောကြားခဲ့ကြပြီးနောက် သူတို့နှစ်ယောက်စလုံးကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး နောင်တမရကြောင်း ပြောကြားခဲ့ပါတယ်။
Anna နှင့် Lucy တို့နှစ်ယောက်ဟာ သန့်စင်ခန်းသွားခြင်း ၊ ထမင်းစားခြင်း၊ ကုန်တိုက်သို့သွားခြင်းတို့အပါအ၀င် အရာအားလုံးကို အတူတကွလုပ်ဆောင်ကြပါတယ်။

Twins Anna and Lucy DeCinque with fiance Ben Byrne
၎င်းတို့က တစ်ဦးနှင့်တစ်ဦး စကားများခဲ့ရင်လည်း သဘောတူမှုယူကာ အလျင်အမြန်အဆုံးသတ်ကြပါသေးတယ်။ Ben နဲ့ရည်းစားဖြစ်ခဲ့ကြတဲ့ ၉ နှစ်တာကာလအတွင်းမှာ ၎င်းတို့နှစ်ယောက်ဟာ ကိုယ်ဝန်မရခဲ့ပါဘူး။
ထို့ကြောင့် သူတို့ဟာ နှစ်ယောက်အတူတူ တစ်ချိန်တည်းမှာပင် ကိုယ်ဝန်ရှိလာရန်စီစဉ်နေဆဲဖြစ်ပါတယ်။ Anna နှင့် Lucy တို့ဟာ ထိုအစီအစဉ်အောင်မြင်ရန် IVF စနစ်ကို လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထို့နောက် ၎င်းတို့အမွှာညီအမရဲ့ တစ်ချိန်တည်းမှာ အတူတကွကိုယ်ဝန်ဆောင်နိုင်ဖို့ အချင်းချင်းသဘောတူခဲ့ကြတဲ့အပေါ် netizen တစ်ဦးက “ အမျိုးသားတစ်ယောက်တည်းနဲ့ အမွှာညီအမနှစ်ယောက်တို့က အတူတူနေကြတယ်၊ အိုကေ ကမ္ဘာကြီးက ဘယ်တွေဖြစ်နေတာလဲ“လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
သို့ပေမယ့် Anna နဲ့ Lucy တို့က Ben နဲ့ ၉ နှစ်ကျော်အကြာအထိ အတူရှိလာနေခဲ့တာကိုထည့်တွေးစဉ်းစားကြည့်ပြီးတဲ့နောက်မှာတော့ “ သူတို့အမွှာနှစ်ယောက်က အရမ်းပျော်နေပုံရတယ် !! Ben က အတော်လေး အချစ်ခံရမဲ့ပုံဘဲ ၊ သူတို့အားလုံး ကံကောင်းပါစေ ” လို့ အခြား netizen တစ်ဦးက ထိုကဲ့သို့မှတ်ချက်ပေးထားခဲ့ပါတယ်။
( in vitro fertilization ) IVF ဆိုတာက မျိုးအောင်ရန်နှင့် သန္ဓေသားလောင်းဖွံ့ဖြိုးမှုကို ခန္ဓာကိုယ်ပြင်ပကနေ ကူညီပေးပြီး ကလေးလိုချင်တဲ့အမျိုးသမီးများအား ကိုယ်ဝန်ရစေနိုင်တဲ့နည်းပညာဆေးကုသမှုတစ်ခုဖြစ်ပါတယ်။
Mia (KBdailynews)