ဗဟုသုတ
စုန်းမစီးတဲ့ တံမြက်စည်းဆိုင်ကယ်လို ဖန်တီးပြီး မြို့ပတ်မောင်းကာ လူတွေကို ဆွဲဆောင်နေခဲ့တဲ့ အဘိုးအို
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က လမ်းတစ်ခုပေါ်မှာ စုန်းမစီးတဲ့ယာဥ်လို့ ပြုလုပ်ထားတဲ့ ဆိုင်ကယ်သေးသေးလေးကြောင့် လူတွေစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ် ။
၎င်းဟာ တံမြက်စည်းပုံသဏ္ဏာန်ဖြင့် အလှဆင်ထားပြီး မီးလုံးလေးများနဲ့ ထွန်းညှိကာ ညနေခင်အချိန်မှာ အမျိုးသားတစ်ဦးက ခရီးသွားများကို နှုတ်ဆက်တဲ့အနေနဲ့ ပတ်မောင်းနေခဲ့ပါတယ် ။ ကြည့်ရှုသူများအတွက် ရောင်စုံအပြုံးတစ်ခုကို ဖန်တီးပေးခဲ့တာပါ ။
စုန်းမရဲ့တံမြက်စည်းဆိုင်ကယ်ပိုင်ရှင်ကို မေးကြည့်တော့ သူ့နာမည်က Noo လို့ခါ်ပြီး အသက် ၆၃ နှစ် ဆိုပြီး သိခဲ့ရပါတယ် ။ ပတ္တယားပြည်နယ်ကို ပိုပြီးအရောင်အသွေးစုံလင်လာအောင်နဲ့ ခရီးသွားများကိုဆွဲဆောင်ရန် တစ်ခုခုလုပ်မယ်လို့ သူက စိတ်ကူးခဲ့တာပါ ။
ဒါ့ကြောင့် pop car frame ကို သုံးပြီး တံမြက်စည်းပုံမော်တော်ဆိုင်ကယ်ကိုဖန်တီးပြီး စီးလိုက်တဲ့အခါ အပန်းဖြေခရီးသွားများ အပန်းဖြေရန်နေရာသို့ စီးနင်းသွားလိုက်တာ ဖြစ်ပါတယ် ။ သူ့ရဲ့ စိတ်ကူးလေးက အရမ်းဘဲ မိုက်တယ်ဗျာ။
Zawgyi