ဗဟုသုတ

ဖမ်းဆီးခံရပြီး တစ်ရက်အကြာမှာသေဆုံးသွားတဲ့ ရူပဗေဒကျူရှင်ဆရာဦးစိုးပိုင်ရဲ့ ရုပ်အလောင်းကို မိသားစုကပြန်မရရှိတဲ့ ဝမ်းနည်းစရာဖြစ်ရပ်

စစ်အာဏာရှင်ကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေ အများအပြားရှိနေခဲ့တာပဲဖြစ်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်လို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ထဲမှာပဲ အသက်သေဆုံးသွားကြတဲ့ ပြည်သူတွေရဲ့ သတင်းတွေကိုလည်းစိတ်မကောင်းစွာနဲ့ ကြားနေရပါတယ်။

ယခုမှာလည်း ရူပဗေဒကျူရှင်ဆရာတစ်ဦးဖြစ်သလို တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဦးစိုးပိုင်ဟာ အာဏာရှင်လူတစ်စုရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး တစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
သာကေတမြို့နယ် ၊(၇)အရှေ့ရပ်ကွက်၊ အောင်သပြေအနောက်(၄)လမ်းမှာ နေထိုင်တဲ့ ရူပဗေဒကျူရှင်ဆရာဖြစ်သူ ဦးစိုးပိုင်ကို ဒလန်သတင်းပေးတွေကြောင့် သြဂုတ်လ (၂၂)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားခဲ့တာပဲဖြစ်ပါတယ်။

သြဂုတ်လ(၂၃)ရက်နေ့မှာတော့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ကျူရှင်ဆရာဦးစိုးပိုင်တစ်ယောက် အသက်သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံကို အကြောင်းကြားခဲ့ပါတယ်။ ဖမ်းဆီးခံရအပြီး ကွယ်လွန်သွားတဲ့ ဆရာဦးစိုးပိုင်ဟာ အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်နဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးတယ်ဆိုပြီး ဖမ်းဆီးခံရ၍ တစ်ရက်အကြာမှာ သေဆုံးသွားတဲ့ ဦးစိုးပိုင်ရဲ့ ရုပ်အလောင်းကို မိသားစုထံပြန်မပေးခဲ့ကြောင်း သိရှိရပါတယ်။ သဂြိုလ်ခါနီးခါမှ ကျူရှင်ဆရာဦးစိုးပိုင်ရဲ့ရုပ်အလောင်းအား မိသားစုဝင်တစ်ဦးကို အဝေးကနေ ကြည့်ရူခွင့်​ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဒလန်သတင်းပေးတွေရဲ့ လမ်း​ပြပေးမှုကြောင့် ဖမ်းဆီးခံရပြီး တစ်ရက်အကြာမှာ သေဆုံးသွားတဲ့ ကျူရှင်ဆရာဦးစိုးပိုင်အတွက် ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။