ဗဟုသုတ

သူမဒုက္ခရောက်နေချိန်မှာ အပ်နှံထားတဲ့ ချွေးနှဲစာတွေကိုယူပြီး လိမ်ပြေးသွားတဲ့ မိတ်ဆွေတစ်ချို့ကြောင့် စိတ်သောကရောက်နေတဲ့ ဖြူဖြူကျော်သိန်း

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာသို့တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

တိမ်းရှောင်နေစဉ်ကာလအတွင်း ကြုံတွေ့ရတဲ့ အခက်အခဲများစွာကိုလည်းရင်ဖွင့်ပြောပြလေ့ရှိပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖြူဖြူကျော်သိန်းရဲ့Instagram အကောင့်တွင် တစ်သက်လုံး ရိုးသားစွာရှာဖွေထားတဲ့ ချွေးနည်းစာလေးတွေကို လိမ်ယူသွားကြတဲ့ မိတ်ဆွေတစ်ချို့အကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

ဖြူဖြူကတော့ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ မိဘနှစ်ပါးလုံးကို ပစ်ပြီး ပုန်းရှောင်နေခဲ့ရပြီး စိတ်ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရကြောင်း ရေးသားလာပါတယ်။ ဘာအလုပ်မှ မလုပ်ရတဲ့အတွက် ဝင်ငွေမရှိရတဲ့ကြားထဲ လူယုံသတ်ခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာပါ။

ဒုက္ခရောက်နေချိန်ဖြစ်တဲ့အတွက်တစ်သက်လုံးရိုးရိုးသားသားရှာထားခဲ့တဲ့ ချွေးနှဲစာလေးကိုယုံကာ ခဏအပ်ထားမိခဲ့ပြီး ပြန်တောင်းတဲ့အခါ ရူးချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားတဲ့ အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပထမတစ်ယောက်ဆီမှ ပိုက်ဆံတွေကို ရှေ့နေခအကုန်ခံပြီး လနဲ့ချီ သူခိုးဖမ်းသလို မိတ်ပျက်ခံကာ ဖမ်းတော့မှ မတတ်နိုင်တဲ့အဆုံး သူမရဲ့ ပိုက်ဆံတွေ ပြန်ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ သူမထက်လည်း ချမ်းသာပြီး အသိုင်းအဝိုင်းမြင့်က လာသူမို့ ဒီပိုက်ဆံလောက်နဲ့တော့နာမည်အပျက်မခံနိုင်လောက်ဘူးလို့ ယုံခဲ့မိသော်လည်း အထင်နဲ့ အမြင်နဲ့ လွဲချော်သွားခဲ့ရကြောင်း ရေးသားထားပါတယ်။

ဘယ်သူလဲဆိုတာသိသွားခဲ့ရင် အားလုံးလည်း သူမလိုပဲ အံ့ဩသွားမယ်ထင်မိကြောင်း ရင်ဖွင့်ရေးသားထားပါတယ်။ ဘဝတူမောင်နှမတွေလည်း အခုလို အစစအရာရာ ခက်ခဲနေချိန်မှာ လူလိမ်တွေရဲ့လူယုံသတ်ခံရခြင်းမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ဖြူဖြူတွေ့ကြုံခဲ့ရတာတွေကိုသိရှိစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Phyu Phyu Kyaw Thein’s Instagram account