ဗဟုသုတ

ရောင်းချနေသည့် နာနတ်သီးပုံစံအတိုင်း ဆံပင်ညှပ်လိုက်ရာမှ နာနတ်သီးကို ပုံမှန်ထပ် ၃ဆလောက် ရောင်းအားပိုကောင်းသွားခဲ့သည့် အမျိုးသားတစ်ဦး

ရောင်းချနေသည့် နာနတ်သီးပုံစံအတိုင်း ဆံပင်ညှပ်လိုက်ရာမှ နာနတ်သီးကို ပုံမှန်ထပ် ၃ဆလောက် ရောင်းအားပိုကောင်းသွားခဲ့သည့် အမျိုးသားတစ်ဦး

စီးပွားရေးလုပ်ငန်းကို အခုမှ စတင်လုပ်ကိုင်မည်ဖြစ်သောကြောင့် စျေးကွက်ထဲသို့ မည်သို့ဝင်ရောက်ရမည်ကို မသိနားမလည်ဖြစ်နေပါကတရုတ်နိုင်ငံမှ မိတ်ဆွေတစ်ဦးထံ အကြံဉာဏ်လေးများတောင်းခံလိုက်ပါလို့ ပြောခိင်ပါတယ်။စီးပွားရေးလုပ်ရာတွင် တရုတ်နိုင်ငံသားများဟာ အလွန်တော်သူများဟုပင် ချီးကျူးရလောက်ပေသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၂၀အရွယ်သာ ရှိသေးသည့် ကောင်လေးတစ်ဦးဟာ HeBeiပြည်နယ်တွင် သစ်သီးဆိုင်တစ်ဆိုင်ကို ဖွင့်ထားခဲ့ပါတယ်။ဆိုင်လေးဟာ ပုံမှန်ရောင်းအားလေးနှင့် လည်ပတ်နေသော်လည်း ရောင်းအားပိုကောင်းလာစေရန်အတွက် ကောင်လေးဟာ အကြံတစ်ခုကို ရရှိခဲ့ပါတယ်။

ထို့ကြောင့်အကြံအတိုင်းပင် နာနတ်သီးပုံစံ ဆံပင်ညှပ်လိုက်ခြင်းဘဲဖြစ်ပါတယ်။ထိုအချိန်မှစပြီး ကောင်လေး၏ သစ်သီးဆိုင်လေးဟာ အလွန်ပင်ရောင်းအားကောင်းလာခဲ့ပြီး အရင်ကထပ် ၃ဆလောက်ပင် ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။