ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော မေကဗျာကတော့ လတ်တလောမှာအနုပညာအလုပ်တွေနဲ့ အတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတွေကိုပါလုပ်ကိုင်နေခဲ့ပါတယ်။ မေကဗျာကတော့ အခုကာလမှာ သူ့တတ်နိုင်သလောက် စီးပွားရေးလုပ်ငန်းတွေကရရှိတဲ့ အကျိုးအမြတ်တွေကို လှူဒါန်းပေးနေခဲ့ပါသေးတယ်။
မနေ့က သြဂုတ်လ (၂၂)ရက်နေ့မှာတော့ ကဗျာက သူရဲ့ မွေးရပ်မြေဖြစ်တဲ့ ပဲခူးမြို့က စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်။ ကပ်ရောဂါဘေးအပြင် ရေဘေးဒုက္ခနဲ့ပါကြုံတွေ့နေရတဲ့ အိမ်ခြေ (၄၀၀) စာအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ဆေး (စုစုပေါင်း ၃၄သိန်းကျော်ဖိုး)တို့ကို အလှူရှင် လုပ်ငန်းရှင်များအားလုံးကိုယ်စား ကဗျာနဲ့ သူ့ရဲ့သူငယ်ချင်းက လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ပဲခူးမြို့ရှိ သစ်တံခါးကျောင်းတွင် အိမ်ခြေ (၂၀)၊ပဲခူးမြို့ရှိ ကွမ်းယာဆိုင်များ ဆိုက္ကားဦးလေကြီးများအတွက် အယောက် (၃၀)စာဆန်ဆီဆေးကြက်သွန် ကြက်ဥများကိုလည်း မေကဗျာက ကိုယိတိုင်ကိုယ်ကျလှူဒါန်းကုသိုလ်ပြုခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မေကဗျာတို့ရဲ့အလှူလေးကို သာဒုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – May Kabar
-Zawgyi Font ဖြင့် ဖတ်ရန်-၏
ေမြးရပ္ေျမပဲခူးျမိဳ႕က ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ လွဴဒါန္းေပးခဲ့တဲ့ ေမကဗ်ာ
ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သရုပ္ေဆာင္မင္းသမီးေခ်ာ ေမကဗ်ာကေတာ့ လတ္တေလာမွာအနုပညာအလုပ္ေတြနဲ႕ အတူ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေလးေတြကိုပါလုပ္ကိုင္ေနခဲ့ပါတယ္။ ေမကဗ်ာကေတာ့ အခုကာလမွာ သူ႕တတ္နိုင္သေလာက္ စီးပြားေရးလုပ္ငန္းေတြကရရွိတဲ့ အက်ိဳးအျမတ္ေတြကို လွဴဒါန္းေပးေနခဲ့ပါေသးတယ္။
မေန႕က ၾသဂုတ္လ (၂၂)ရက္ေန႔မွာေတာ့ ကဗ်ာက သူရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ပဲခူးျမိဳ႕က စားဝတ္ေနေရးခက္ခဲေနတဲ့ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြလွဴဒါန္းေပးခဲ့ပါတယ္။ ကပ္ေရာဂါေဘးအျပင္ ေရေဘးဒုကၡနဲ႕ပါၾကံဳေတြ႕ေနရတဲ့ အိမ္ေျခ (၄၀၀) စာအတြက္ ဆန္၊ ဆီ၊ ၾကက္သြန္၊ ေဆး (စုစုေပါင္း ၃၄သိန္းေက်ာ္ဖိုး)တို႕ကို အလႉရွင္ လုပ္ငန္းရွင္မ်ားအားလုံးကိုယ္စား ကဗ်ာနဲ႕ သူ႕ရဲ႕သူငယ္ခ်င္းက လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။
ဒါ့အျပင္ ပဲခူးၿမိဳ႕ရွိ သစ္တံခါးေက်ာင္းတြင္ အိမ္ေျခ (၂၀)၊ပဲခူးၿမိဳ႕ရွိ ကြမ္းယာဆိုင္မ်ား ဆိုကၠားဦးေလႀကီးမ်ားအတြက္ အေယာက္ (၃၀)စာဆန္ဆီေဆးၾကက္သြန္ ၾကက္ဥမ်ားကိုလည္း ေမကဗ်ာက ကိုယိတိုင္ကိုယ္က်လႉဒါန္းကုသိုလ္ျပဳခဲ့ပါေသးတယ္။ CeleZone ပရိသတ္ၾကီးေရ ေမကဗ်ာတို႕ရဲ႕အလွဴေလးကို သာဒုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။
Source – May Kabar