ဗဟုသုတ

ကွယ်လွန်သွားသော ချစ်သူမိန်းကလေး ပြန်ဝင်စားသည်ဟု ယုံကြည်ကာ မြွေဟောက်တစ်ကောင်နှင့် လက်ထပ်ခဲ့သည့် အမျိုးသား

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေးအား အစွဲလမ်းကြီးစွာ ချစ်ခဲ့ပြီးနောက် အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် မြွေဟောက်တစ်ကောင်နှင့် လက်ထပ်ပစ်ခဲ့သည်။

အကြောင်းမှာ လွန်ခဲ့သော ၅နှစ်ခန့်က ချစ်ရသော မိန်းကလေးမှာ ဆုံးပါးသွား၍ ရင်နှင့်မဆန့်အောင် ခံစားရပြီး အိမ်တွင်မွေးထားသော ၁၀ပေအရှည်ရှိသည့် မြွေဟောက်ကို ချစ်သူပြန်ဝင်စားသည်ဟု ယုံကြည်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

အမျိုးသားသည် မြွေလေးနှင့်အတူ တီဗီကြည့်ခြင်း အားကစားလုပ်ခြင်း အပြင် သာယာသော ရှုခင်းအလှသို့ သွားရောက်လည်ပတ်သည့်အခါမှာလည်း ခေါ်ဆောင်သွားလျက်ရှိသည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှာ အမျိုးသားအား အန္တရာယ်များလှ၍ ဝေးဝေးမှာနေရန် သတိပေးပြောဆိုခဲ့ကြသော်လည်း မေတ္တာစစ် မေတ္တာမှန်နှင့် ချစ်မြတ်နိုး၍ မခွဲခွာလိုကြောင်း ဆိုခဲ့သည်။

Zawgyi