ဗဟုသုတ

မိုးကြီးရေလွှမ်းခြင်းကို ကျော်ဖြတ်နိုင်မဲ့ ဈေးသက်သာတဲ့အထူးမော်တော်ဆိုင်ကယ်တစ်စီးကို တီထွင်ဖန်တီးပြခဲ့တဲ့ အမျိုးသားတစ်ဦး

နှစ်စဉ်နှစ်တိုင်း မလေးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းရှိ Terengganu နှင့် Kelantan ကဲ့သို့သောပြည်နယ်များမှာ ပြင်းထန်တဲ့ရေလွှမ်းမိုးမှုများကြောင့် အဆောက်အဦးများနှင့်အိမ်များကိုပျက်စီးစေရုံသာမက ဒေသခံအများအပြားကိုလည်း ရေထဲနစ်မြှုပ်စေခဲ့ပါတယ်။

ထို့အတွက်ကြောင့် Kelantan ပြည်နယ် Pasir Puteh မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်အလူမီနီယံနှင့်မှန်ရောင်းချသူ အသက် ၃၁ နှစ်အရွယ် Amin Mohamed အမည်ရှိအမျိုးသားဟာ ရေလွှမ်းမိုးခြင်းကို ကျော်လွှားနိုင်တဲ့မော်တော်ဆိုင်ကယ်ကို တီထွင်ခဲ့ပါတယ်။

သူ့ရဲ့စိတ်ကူးစိတ်သန်းမြင့်မားမှုနှင့်တီထွင်ဖန်တီးမှုတို့ကြောင့် Amin ဟာ ဆန်းသစ်တဲ့ဒီဇိုင်းကို ဖန်တီးရန် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် RM500 (ဒေါ်လာ ၁၂၀) သာ သုံးစွဲခဲ့ပါတယ်။

၎င်းအထူးမော်တော်ဆိုင်ကယ်ဟာHonda C70 အင်ဂျင်ကို အသုံးပြုကာ ၎င်းရဲ့ရှေ့တာယာကို မော်တော်ဆိုင်ကယ်ရဲ့ရှေ့တာယာဖြစ်သုံးထားပြီး ၎င်းရဲ့နောက်တာယာကိုတော့ ပုံမှန်ကားတာယာနှစ်ခုဖြင့်တပ်ဆင်ထားပါတယ်။

“ကျွန်တော် ဒီမော်တော်ဆိုင်ကယ်ရဲ့ဒီဇိုင်းကိုပုံကြမ်းဆွဲပြီး အားလပ်တဲ့ချိန်တွေမှာပုံကြမ်းကို တီထွင်ဖန်တီးခဲ့တယ် ၊

ထုတ်လုပ်မှုမြင့်မားတဲ့ကုန်ကျစရိတ်ကို ရှောင်ရှားဖို့ ကျွန်တော်ပိုင်ဆိုင်ပြီးသားပြန်လည်အသုံးပြုထားတဲ့အစိတ်အပိုင်းတွေကိုသာ သုံးခဲ့တယ်၊

ဒီဆိုင်ကယ်က ရောင်းဖို့မဟုတ်ပါဘူး၊ ဒါကကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအရ ကျေနပ်မှုသက်သက်အတွက်ပါ ” ဟု Amin က ပြောကြားခဲ့ပါတယ်။

၎င်းမော်တော်ဆိုင်ကယ်ဟာ ၁ မီတာနက်တဲ့ရေကြီးမှုကို ကျော်ဖြတ်နိုင်မယ်လို့ပြောထားပေမယ့် ပိုပြင်းထန်ပြီးပိုကြီးတဲ့ရေကြီးမှုတွေမှာအသုံးပြုနိုင်ဖို့ ပိုကောင်းတဲ့ပြုပြင်မွမ်းမံမှုတွေကို လိုအပ်နေပါသေးတယ်။

ထို့အပြင် Amin က “ အမှန်အတိုင်းပြောရရင် ဆိုင်ကယ်က မပြီးသေးပါဘူး၊ ဒါမဲ့ Selinsing ပြည်နယ်ရဲ့အစိတ်အပိုင်းအချို့မှာရေကြီးတာနဲ့ကြုံရတဲ့အခါ ကျွန်တော် ဒါကိုစီးကြည့်ဖို့ အရမ်းစိတ်လှုပ်ရှားမိတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ဆန်းသစ်တဲ့စိတ်ကူးကြောင့် Amin ဟာ မြို့ထဲမှာ ဟိုးလေးတကျော်ဖြစ်လာခဲ့ပြီး လူအများက သူရဲ့ဖန်တီးမှုများကို ကြည့်ရန် သူ့ရဲ့နေအိမ်၌စုဝေးလာခဲ့ကြသလို social media ပေါ်မှာလည်း ကျော်ကြားလာခဲ့ရပါတယ်။

ထို့အပြင် Amin ဟာ မော်တော်ဆိုင်ကယ်အကြောင်းပိုမိုစိတ်ဝင်စားတဲ့သူများရဲ့ Facebook acc များထံမှ တိုက်ရိုက်ချီးကျူးတဲ့မက်ဆေ့ခ်ျများစွာကိုလည်းရခဲ့ပါတယ်။

ထို့အပြင် Amin က “ မော်တော်ဆိုင်ကယ်က ရေကြီးတာကိုကျော်ဖြတ်နိုင်ရုံတင်မကပါဘူး၊ ဘယ်မျက်နှာပြင်အမျိုးအစားမျိုးမဆိုပေါ်ကို တက်မောင်းလို့ရပါတယ် ၊

ပိုဆွဲဆောင်မှုရှိဖို့နဲ့လိုအပ်နိုင်မယ့်လုပ်ဆောင်ချက်အသစ်တွေထပ်ထည့်ဖို့ ဆိုင်ကယ်ထဲကိုအပိုပစ္စည်းအနည်းငယ်ထည့်ဖို့ ကျွန်တော်စီစဉ်နေတယ် ” လို့လည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။