ဗဟုသုတ

ညီနန္ဒ ပြောပြလာတဲ့ ပြတ်သားတဲ့စကားတစ်ခွန်း

ညီနန္ဒ ပြောပြလာတဲ့ ပြတ်သားတဲ့စကားတစ်ခွန်း

သရုပ်ဆောင်မင်းသား ညီနန္ဒနဲ့ဗျိုက်တို့ ညီအစ်ကိုနှစ်ယောက်စလုံးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နှစ်အတော်ကြာပရိသတ်နဲ့ ရင်းနှီးနေခဲ့ကြတာ ဖြစ်ပါတယ်… ဗျိုက်ကတော့ လူ့လောကထဲကနေ နုတ်ဆက်သွားပြီဖြစ်ပေမဲ့ ညီနန္ဒ..ကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချစ်တွေကိုခုထိရယူထားနိုင်သူဖြစ်ပါတယ်။

ခုလိုဖြစ်နေတဲ့ နိုင်ငံရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားထဲရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေမှာ ညီနန္ဒ..လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၅၀၅ က ဖြင့်အမှုဖွင့် အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့အန္တရာယ်ေတွကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်..။

မကြာခင်ရက်ပိုင်းက ဖခင်ဖြစ်သူ ကိုဗစ်ကူးစက်ခံထားရကာ အတော်လေး ရောဂါဝေဒနာ ခံစားပြီး ကွယ်လွန်သွားတာကိုလည်း တွေ့ရပါတယ် ။

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့သရုပ်ဆောင်ညီနန္ဒဟာ ပုဒ်မ (၅၀၅) (က) နဲ့ ရှောင်တိမ်းနေရပြီး လက်ရှိအချိန်ထိလည်း ဘေးကင်းရာမှာနေရင်း တော်လှန်နေဆဲပါပဲ။

ဖခင်ဖြစ်သူဟာ Covid ရောဂါနဲ့ ဆုံးပါးသွားခဲ့ရတာတောင် နောက်ဆုံးအချိန်ကို Video Call လေးနဲ့ပဲ အားပေးနှစ်သိမ်းခဲ့ရတဲ့ ကြေကွဲစရာအဖြစ်တွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

မိဘကိုလည်း အဝေးကနေပဲ ဂရုစိုက်ဖို့မှာနိုင်ပြီး မိသားစုနဲ့လည်း ခွဲခွာနေခဲ့ရတာပါ။ဘေးကင်းရာမှာနေထိုင်ရင်း အရင်လိုကိုယ့်ကိုကိုယ်သေချာဂရုမစိုက်နိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာလည်း ကျဆင်းသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့ပုံရိပ်တစ်ခုကိုတင်ပြီး ရုပ်ကျပေမယ့် စိတ်ဓာတ်ကဘယ်တော့မှ မကျဘူးဆိုတဲ့အကြောင်း ပရိသတ်တွေကို ခွန်အားဖြစ်အောင်ပြောခဲ့ပါသေးတယ်။

တန်ဖိုးရှိတဲ့ အနုပညာရှင်တွေ တဖြုတ်ဖြုတ်ကြွေနေတာကိုလည်း အတော်လေးစိတ်မကောင်းဖြစ်တဲ့အကြောင်း ရင်ဖွင့်ခဲ့ပါသေးတယ်။တော်လှန်ရေးဟာ ဘယ်လောက်ပဲကြာမြင့်ပါစေ ပြည်သူတွေဟာအဆုံးထိ တိုက်ပွဲဝင်ကြမှာပါ။

ကြွေလွင့်ခဲ့ရတဲ့အသက်တွေနဲ့ စတေးခဲ့ရတဲ့ဘဝတွေဟာလည်း ဒီတိုက်ပွဲကြီးအောင်နိုင်မှသာ တရားမျှတမှုကိုရမှာပါ။ ညီနန္ဒရဲ့ ဒီပုံလေးအောက်မှာ ပရိသတ်တွေက အားတင်းထားဖို့နဲ့ ပြည်သူဖက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

ပရိသတ်ကြီးလည်း အားပေးစကားလေး ရေးပေးသွားကြပါအုံးနော်..

Source : Nyi Nanda

Zawgyi

ညီနႏၵ ေျပာျပလာတဲ့ ျပတ္သားတဲ့စကားတစ္ခြန္း

သ႐ုပ္ေဆာင္မင္းသား ညီနႏၵနဲ႔ဗ်ိဳက္တို႔ ညီအစ္ကိုႏွစ္ေယာက္စလုံးကေတာ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ႏွစ္အေတာ္ၾကာပရိသတ္နဲ႔ ရင္းႏွီးေနခဲ့ၾကတာ ျဖစ္ပါတယ္… ဗ်ိဳက္ကေတာ့ လူ႕ေလာကထဲကေန ႏုတ္ဆက္သြားၿပီျဖစ္ေပမဲ့ ညီနႏၵ..ကေတာ့ ပရိသတ္ေတြရဲ႕အခ်စ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အခ်စ္ေတြကိုခုထိရယူထားႏိုင္သူျဖစ္ပါတယ္။

ခုလိုျဖစ္ေနတဲ့ ႏိုင္ငံေရးမွာ ျပည္သူေတြနဲ႔အတူ တစ္သားထဲရပ္တည္ခဲ့တဲ့ အႏုပညာ႐ွင္ေတြမွာ ညီနႏၵ..လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ညီနႏၵကေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ၅၀၅ က ျဖင့္အမႈဖြင့္ အေရးယူျခင္းခံထားရတာေၾကာင့္ လတ္တေလာမွာ အခက္အခဲေတြနဲ႔အႏၲရာေယ္တြၾကားက ေ႐ွာင္တိမ္းပုန္းခိုေနရသူလည္း ျဖစ္ပါတယ္..။

မၾကာခင္ရက္ပိုင္းက ဖခင္ျဖစ္သူ ကိုဗစ္ကူးစက္ခံထားရကာ အေတာ္ေလး ေရာဂါေဝဒနာ ခံစားၿပီး ကြယ္လြန္သြားတာကိုလည္း ေတြ႕ရပါတယ္ ။အာဏာသိမ္းမႈျဖစ္စဥ္စတင္ကတည္းက ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ သ႐ုပ္ေဆာင္ညီနႏၵဟာ ပုဒ္မ

(၅၀၅) (က) နဲ႔ ေ႐ွာင္တိမ္းေနရၿပီး လက္႐ွိအခ်ိန္ထိလည္း ေဘးကင္းရာမွာေနရင္း ေတာ္လွန္ေနဆဲပါပဲ။ ဖခင္ျဖစ္သူဟာ Covid ေရာဂါနဲ႔ ဆုံးပါးသြားခဲ့ရတာေတာင္ ေနာက္ဆုံးအခ်ိန္ကို Video Call ေလးနဲ႔ပဲ အားေပးႏွစ္သိမ္းခဲ့ရတဲ့ ေၾကကြဲစရာအျဖစ္ေတြကိုလည္း ရင္ဆိုင္ခဲ့ရပါတယ္။

မိဘကိုလည္း အေဝးကေနပဲ ဂ႐ုစိုက္ဖို႔မွာႏိုင္ၿပီး မိသားစုနဲ႔လည္း ခြဲခြာေနခဲ့ရတာပါ။ေဘးကင္းရာမွာေနထိုင္ရင္း အရင္လိုကိုယ့္ကိုကိုယ္ေသခ်ာဂ႐ုမစိုက္ႏိုင္တာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာလည္း က်ဆင္းသြားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ သူ႕ရဲ႕ပုံရိပ္တစ္ခုကိုတင္ၿပီး ႐ုပ္က်ေပမယ့္ စိတ္ဓာတ္ကဘယ္ေတာ့မွ မက်ဘူးဆိုတဲ့အေၾကာင္း ပရိသတ္ေတြကို ခြန္အားျဖစ္ေအာင္ေျပာခဲ့ပါေသးတယ္။ တန္ဖိုး႐ွိတဲ့ အႏုပညာ႐ွင္ေတြ တျဖဳတ္ျဖဳတ္ေႂကြေနတာကိုလည္း အေတာ္ေလးစိတ္မေကာင္းျဖစ္တဲ့အေၾကာင္း ရင္ဖြင့္ခဲ့ပါေသးတယ္။

ေတာ္လွန္ေရးဟာ ဘယ္ေလာက္ပဲၾကာျမင့္ပါေစ ျပည္သူေတြဟာအဆုံးထိ တိုက္ပြဲဝင္ၾကမွာပါ။ ေႂကြလြင့္ခဲ့ရတဲ့အသက္ေတြနဲ႔ စေတးခဲ့ရတဲ့ဘဝေတြဟာလည္း ဒီတိုက္ပြဲႀကီးေအာင္ႏိုင္မွသာ တရားမွ်တမႈကိုရမွာပါ။ ညီနႏၵရဲ႕ ဒီပုံေလးေအာက္မွာ ပရိသတ္ေတြက အားတင္းထားဖို႔နဲ႔ ျပည္သူဖက္က ရပ္တည္ေပးလို႔ ေက်းဇူးတင္ေၾကာင္းမွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

ပရိသတ္ႀကီးလည္း အားေပးစကားေလး ေရးေပးသြားၾကပါအုံးေနာ္..