ဗဟုသုတ

မိုးကုတ်မှာ မြေပြိုမှုကြောင့် ပိတ်မိနေသူ၈ဦးရဲ့ အလောင်းများရှာဖွေတွေ့ရှိ စုစုပေါင်း (၁၁) ဦးသေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းအောင်သစ်လွင်ရပ်ကွက် မြေပြိုမှု‌ကြောင့် စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါရပ်ကွက်မှ နေအိမ် ၃ လုံးပေါ်သို့မြေပြိုခဲ့ခြင်းကြောင့် နံနက်ပိုင်းတွင် လူ ၁၁ဦး ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ပြီးနောက် ညနေ ပိုင်းတွင်ပိတ်မိ‌ေနသူများ၏ အလောင်းများကိုရှာဖွေတွေ့ရှိခဲ့‌ေကြာင်း ဒေသခံများမှဆိုသည်။

“မိသားစု နှစ်စုပိတ်မိနေတာ ၊ မနက်ပိုင်းက ၃ဦးအလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်၊မနက်ကနေညနေထိဆက်တိုက်ရှာဖွေလာတာညနေပိုင်း4နာရီမှကျန်တဲ့၈ဦးအလောင်းကိုတွေ့တယ် “ဟု ဒေသခံတစ်ဦးမှ ဆိုသည်။

ပြိုကျခဲ့သည့်‌မြေပမာဏများခြင်းကြောင့် ဘတ်ဟိုးကားများဖြင့်ခက်ခက်ခဲခဲဖယ်ရှားရပြီးပေါက်ပြားနှင့်ပါတူးဖော်ခဲ့ရကြောင်းသိရသည်။

​မြေပြိုမှုဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့၊ ပါရမီလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ပါရမီလူမှုကူညီရေးအသင်းတို့ပူး​ပေါင်း ရှာဖွေခဲ့ကြ‌ကြောင်းသိရသည်။