ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ အမေရိကန်မီဒီယာများဟာ South Carolina ပြည်နယ်ရှိ Mega Millions Quick Pick ထီရလဒ်များအကြောင်းကို အစီရင်ခံပေးခဲ့ကြပါတယ်။ အနိုင်ရရှိသူနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်ဟာ ချက်ချင်းပင် လူတိုင်းကိုရူးသွပ်သွားစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ရဲ့မဲနှိုက်ပွဲတွင် Grand Strand ဧရိယာမှအမျိုးသားတစ်ဦးဟာ ဒေါ်လာ ၄၀,၀၀၀ တန်ထီဆုကို ပေါက်ခဲ့ပါတယ်။ သူဟာ နံပါတ်တစ်ခုကို လွဲချော်သွားခဲ့တာကြောင့် ဒေါ်လာတစ်သန်းထီဆုကို လွဲချော်သွားခဲ့ရပါတယ်။ နောက်ထပ်လာမဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့်မဲရလဒ်ကြေငြာချိန်မတိုင်ခင်မှာတော့ ပြောခဲ့သမျှဟာတန်ဖိုးရှိမှာမဟုတ်ပါဘူး။
သို့ပေမဲ့ ထို့နေ့မှာ အဆိုပါအမျိုးသားဟာ နောက်တစ်ကြိမ် ထီထပ်ပေါက်သွားခဲ့ပြန်ပါတယ်။ အဆိုပါအမျိုးသားအတွက် ယခုအကြိမ်မှာ ထီပေါက်တဲ့အပိုဆုကြေးကတော့ ဒေါ်လာ ၃ သန်းအထိ ကို ရှိနေပါတယ်။ ဆိုလိုတာက အဆိုပါအမျိုးသားဟာ ၂ပတ်အတွင်း ၂ကြိမ်ဆက်တိုက်ထီပေါက်ခဲ့ပြီး ယခုအခါ သူဟာ လက်ထဲရှိ ဒေါ်လာ ၃ သန်းနှင့်အတူ သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။
အဆိုပါအမျိုးသားဟာ ၎င်းပေါက်ခဲ့တဲ့ Mega Millions Quick Pick ထီနှစ်ကြိမ်စလုံးကို Myrtle Beach ရှိ Murphy USA ဓာတ်ဆီဆိုင်မှာသာ ထိုးခဲ့ကြောင်း CNN သတင်းက ဖော်ပြထားပါတယ်။ သူဟာ အနီးအနားရှိ Walmart စူပါမားကတ်တွင် မကြာခဏစျေး၀ယ်လာလေ့ရှိပြီး ၎င်းဓာတ်ဆီဆိုင်အနီးတွင် ရပ်ကာ သူ့ရဲ့ကားကို ဆီဖြည့်ရင်း lotto အနည်းငယ်ကို ကံစမ်းလေ့ရှိပါတယ်။
အဆိုပါအမျိုးသားက ဒုတိယအကြိမ်အနိုင်ရရှိကြောင်းကို သိရှိခဲ့ရပြီးနောက်မှာ စာနယ်ဇင်းများနှင့်ဝေမျှခြင်းအနေဖြင့် အဆိုပါအမည်မသိကံကောင်းသူက “ ငါအဲဒါကိုယုံလို့မရခဲ့ဘူး ၊ ငါသတင်းတွေက အတော်လေး ကယက်ထသွားတော့ ငါ့မိသားစုကတောင် shock ဖြသ်သွားခဲ့ကြတယ် ” ဟု ဆိုခဲ့ပါတယ်။
အဆိုပါအမျိုးသားကဲ့သို့ နှစ်ကြိမ်ဆက်တိုက်အနိုင်ရဖို့က အတော်လေးကို မဖြစ်နိုင်ပါဘူး။ ထီဆုအများကြီးပေါက်ခဲ့တဲ့သူရဲ့ကံတရားဟာ အမေရိကန်ထီပေါက်ခဲ့သူများရဲ့သမိုင်းမှာ သူသာ ပထမဆုံးအကြိမ်သာဖြစ်တာပါတယ်။
၎င်းမတိုင်ခင်မှာ အမေရိကန်ထီစနစ်ဟာ ကြီးကြီးမားမားဆုကြီးနှစ်ကြိမ်ကို မှတ်တမ်းတင်ခဲ့ပေမဲ့လည်း ၎င်းအနိုင်ရရှိမှုနှစ်ကြိမ်က အဆိုပါအမျိုးသားကဲ့သို့ ၂ပတ်အတွင်းမဟုတ်ဘဲ တစ်ကြိမ်ပေါက်ပြီး ၃ နှစ်အကြာမှ နောက်တစ်ကြိမ်ထပ်ပေါက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။အဆိုပါအမျိုးသားရဲ့ကံဇာတာကတော့ နည်းနည်းနောနောမဟုတ်တဲ့ ဇာတာကြီးလို့ဆိုရမှာပါဗျာ။