ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ လူ့လောကထဲကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ တာဆိုရင် (၂) လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရေမွန် မရှိတော့ပေမယ့် လည်း သူဖန်တီးခဲ့တဲ့ တေးသီချင်းများ ကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ရှင်သန်နေခဲ့ပါတယ်။
ရေမွန် ရှိခဲ့စဉ်တုန်းက ဒီမိုကရေစီပြန်လည်ရရှိဖို့ ပြည်သူတွေနဲ့ အပြည့်အဝ ရပ်တည်ပြီး အားကြိုးမာန်တက် ပါဝင်ခဲ့ပါတယ်။
ရေမွန် နောက်ဆုံး ခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ သူငယ်ချင်းဖြစ်သူ အဆိုတော် နိုဗန်ထူးကတော့ ဇွန်လ(၂၆)ရက်နေ့မှာ ရေမွန်ကို သတိတရဖြစ်အောင်နဲ့ ကမ္ဘာမြေကိုလည်း အကျိုးပြုစေဖို့ အတွက် Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို ပြုလုပ်ခဲ့ပြီး သစ်ပင်တချို့ကို ရေမွန်ရဲ့ အရိုးပြာတွေနဲ့ စိုက်ပျိုးထားခဲ့ပါတယ်။
ယမန်နေ့ကတော့ အဆိုတော် နိုဗန်ထူးဟာ ရေမွန် ကွယ်လွန်းခြင်း(၂)လပြည့်နေ့မှာပဲ စိုက်ပျိုးထားခဲ့တဲ့ Raymond Tree လေးတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ရေမွန် ရဲ့ အရိုးပြာလေးတွေ နဲ့ စိုက်ပျိုးထားတဲ့ Raymond Treeလေးတွေကတော့ စိမ်းလန်းစိုပြေနေတဲ့အပြင် ထွားထွားကျိုင်းကျိုင်း ရှင်သန်လာတာတွေ့ရပါတယ်။
အဆိုတော် နိုဗန်ထူးကတော့ သူစိုက်ထားတဲ့ အပင်လေးတွေ ရှင်သန်ကြီး ထွားနေတာကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေအတွက်လည်း Raymond Treeလေးတွေကို ပြန်လည်ဖော်ပြရင်း ရေမွန်တစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
ZAWGYI
ဂီတေလာကရဲ့ ၾကယ္တစ္ပြင့္ျဖစ္တဲ့ အဆိုေတာ္ ေရမြန္ဟာ လူ႔ေလာကထဲကေန ႐ုတ္တရက္ ထြက္ခြာသြားခဲ့ တာဆိုရင္ (၂) လျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ေရမြန္ မရွိေတာ့ေပမယ့္ လည္း သူဖန္တီးခဲ့တဲ့ ေတးသီခ်င္းမ်ား ကေတာ့ ပရိသတ္ေတြရဲ့ရင္ထဲမွာ ရွင္သန္ေနခဲ့ပါတယ္။
ေရမြန္ ရွိခဲ့စဥ္တုန္းက ဒီမိုကေရစီျပန္လည္ရရွိဖို႔ ျပည္သူေတြနဲ႔ အျပည့္အဝ ရပ္တည္ၿပီး အားႀကိဳးမာန္တက္ ပါဝင္ခဲ့ပါတယ္။
ေရမြန္ ေနာက္ဆုံး ေခါင္းခ်ခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာ သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ နိုဗန္ထူးကေတာ့ ဇြန္လ(၂၆)ရက္ေန႔မွာ ေရမြန္ကို သတိတရျဖစ္ေအာင္နဲ႔ ကမၻာေျမကိုလည္း အက်ိဳးျပဳေစဖို႔ အတြက္ Raymond Tree ဆိုတဲ့ သစ္ပင္စိုက္ ကမ္ပိန္းေလးကို ျပဳလုပ္ခဲ့ၿပီး သစ္ပင္တခ်ိဳ႕ကို ေရမြန္ရဲ့ အရိုးျပာေတြနဲ႔ စိုက္ပ်ိဳးထားခဲ့ပါတယ္။
ယမန္ေန႔ကေတာ့ အဆိုေတာ္ နိုဗန္ထူးဟာ ေရမြန္ ကြယ္လြန္းျခင္း(၂)လျပည့္ေန႔မွာပဲ စိုက္ပ်ိဳးထားခဲ့တဲ့ Raymond Tree ေလးေတြကို သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။ေရမြန္ ရဲ့ အရိုးျပာေလးေတြ နဲ႔ စိုက္ပ်ိဳးထားတဲ့ Raymond Treeေလးေတြကေတာ့ စိမ္းလန္းစိုေျပေနတဲ့အျပင္ ထြားထြားက်ိဳင္းက်ိဳင္း ရွင္သန္လာတာေတြ႕ရပါတယ္။
အဆိုေတာ္ နိုဗန္ထူးကေတာ့ သူစိုက္ထားတဲ့ အပင္ေလးေတြ ရွင္သန္ႀကီး ထြားေနတာကို ၾကည့္ၿပီး ၾကည္ႏူးပီတိ ျဖစ္ခဲ့ရပါတယ္။ ပရိသတ္ေတြအတြက္လည္း Raymond Treeေလးေတြကို ျပန္လည္ေဖာ္ျပရင္း ေရမြန္တစ္ေယာက္ ေကာင္းရာမြန္ရာ ေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ။