မိသားစုက ငွေငါးသောင်းပေးပြီး ပစ်ထားခဲ့လို့ လမ်းဘေးတစ်နေရာမှာ ဒုက္ခပင်လယ်ဝေနေရတဲ့ ပြင်ဦးလွင်မြို့က သနားစရာအဖိုးအို
မိဘတွေဟာအသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကလေးလိုပြန်ဖြစ်သွားတတ်ပါတယ်။
သားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုနဲ့ သက်တောင့်သက်သာနေရမယ့်ဘဝမျိုးကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။
ကိုယ်ငယ်စဉ်ကလေးဘဝကတည်းက လူလားမြောက်အောင် ပျိုးထောင်ပေးလာခဲ့တဲ့ ကိုယ့်မိဘကို ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်သင့်ပါဘူး။
မိဘမှမဟုတ်ပါဘူး ကိုယ့်အပေါ်ကျေးဇူးရှိဖူးတဲ့ ဘယ်သူ့ကိုမဆိုကျေးဇူးမကန်းသင့်ဘူးဆိုတာ အခြေခံလူ့ကျင့်ဝတ်ကို နားလည်သူတိုင်း သဘောပေါက်ကြမှာပါ။
အခုလိုခေတ်ပျက်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပိုလို့တောင်မေတ္တာထားသင့်ပေမယ့် မိသားစုက ရက်ရက်စက်စက်စွန့်ပစ်လိုက်တဲ့ အဖိုးတစ်ယောက်ကတော့ ပြင်ဦးလွင်ရဲ့လမ်းမပေါ်မှာ အထီးကျန်နေခဲ့ရပါတယ်။
မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံမှာရှိကြပြီး အဖိုးကိုတော့ ငွေးငါးသောင်းပေးကာ အပြတ်ပဲဆိုတဲ့ စကားနဲ့အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့ကြတယ်လို့သိရပါတယ်။
အဖိုးရဲ့ခက်ခဲတဲ့ဘဝကို မကြည့်ရက်နိုင်တဲ့ပြည်သူတစ်ဦးဟာ အဖိုးလိုအပ်တာလေးတွေမေးတဲ့အချိန်မှာညဘက်ရောက်ရင် မှောင်တာကြောင့် မီးခြစ်နဲ့ဖယောင်းတိုင်သာပေးပါလို့တောင်းဆိုခဲ့ပါတယ်။
သနားစရာအဖိုးအတွက် နောက်ထပ်လိုအပ်တာလေးတွေကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း အားလုံးပီတိဖြစ်ရအောင် ဝေမျှပေးခဲ့ပါသေးတယ်။
နောက်ထပ်စေတနာရှင်တွေဟာလည်း အဖိုးအဆင်ပြေစေဖို့ လှူဒါန်းပေးမယ့်အကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။
အဖိုးကိုလှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို” ဒီအဖိုးကိုလမ်းကြုံရင်ဝင်လှူပေးကြပါဦးရှင့်🙏 အဖိုးမိသားစုကထိုင်းမှာပါတဲ့ ငွေငါးသောင်းပေးပြီးအပြတ်လို့ ပြောလွှတ်လိုက်တာလို့ပြောပါတယ်😥
ညဘက်ဆိုမှောင်လို့ ဖယောင်းတိုင်နဲ့ မီးခြစ်ပဲပေးပါတဲ့ လိုအပ်မယ်ထင်တာလေးတွေတော့ တတ်နိုင်သလောက် လှူပေးခဲ့ပါတယ် မိတ်ဆွေတို့လည်းလမ်း ကြုံရင်ဝင်လှူပေးကြပါဦးနော် 🙏
လိပ်စာက / ပြင်ဦးလွင်မိုးကုတ်လမ်းရေငယ်မှမိုးကြိုးသွားလမ်း ရထားသံလမ်းအနီး ” ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။
စာဖတ်သူတို့လည်း အဖိုးကိုတွေ့ရင် ကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
(Zawgyi)
မိသားစုက ငွေငါးသောင်းပေးပြီး ပစ်ထားခဲ့လို့ လမ်းဘေးတစ်နေရာမှာ ဒုက္ခပင်လယ်ဝေနေရတဲ့ ပြင်ဦးလွင်မြို့က သနားစရာအဖိုးအို
မိဘတွေဟာအသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကလေးလိုပြန်ဖြစ်သွားတတ်ပါတယ်။
သားသမီးတွေရဲ့ပြုစုစောင့်ရှောက်မှုနဲ့ သက်တောင့်သက်သာနေရမယ့်ဘဝမျိုးကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။
ကိုယ်ငယ်စဉ်ကလေးဘဝကတည်းက လူလားမြောက်အောင် ပျိုးထောင်ပေးလာခဲ့တဲ့ ကိုယ့်မိဘကို ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်သင့်ပါဘူး။
မိဘမှမဟုတ်ပါဘူး ကိုယ့်အပေါ်ကျေးဇူးရှိဖူးတဲ့ ဘယ်သူ့ကိုမဆိုကျေးဇူးမကန်းသင့်ဘူးဆိုတာ အခြေခံလူ့ကျင့်ဝတ်ကို နားလည်သူတိုင်း သဘောပေါက်ကြမှာပါ။
အခုလိုခေတ်ပျက်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပိုလို့တောင်မေတ္တာထားသင့်ပေမယ့် မိသားစုက ရက်ရက်စက်စက်စွန့်ပစ်လိုက်တဲ့ အဖိုးတစ်ယောက်ကတော့ ပြင်ဦးလွင်ရဲ့လမ်းမပေါ်မှာ အထီးကျန်နေခဲ့ရပါတယ်။
မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံမှာရှိကြပြီး အဖိုးကိုတော့ ငွေးငါးသောင်းပေးကာ အပြတ်ပဲဆိုတဲ့ စကားနဲ့အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့ကြတယ်လို့သိရပါတယ်။
အဖိုးရဲ့ခက်ခဲတဲ့ဘဝကို မကြည့်ရက်နိုင်တဲ့ပြည်သူတစ်ဦးဟာ အဖိုးလိုအပ်တာလေးတွေမေးတဲ့အချိန်မှာညဘက်ရောက်ရင် မှောင်တာကြောင့် မီးခြစ်နဲ့ဖယောင်းတိုင်သာပေးပါလို့တောင်းဆိုခဲ့ပါတယ်။
သနားစရာအဖိုးအတွက် နောက်ထပ်လိုအပ်တာလေးတွေကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း အားလုံးပီတိဖြစ်ရအောင် ဝေမျှပေးခဲ့ပါသေးတယ်။
နောက်ထပ်စေတနာရှင်တွေဟာလည်း အဖိုးအဆင်ပြေစေဖို့ လှူဒါန်းပေးမယ့်အကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။
ဒီအဖိုးကိုလမ်းကြုံရင်ဝင်လှူပေးကြပါဦးရှင့်🙏 အဖိုးမိသားစုကထိုင်းမှာပါတဲ့ ငွေငါးသောင်းပေးပြီးအပြတ်လို့ ပြောလွှတ်လိုက်တာလို့ပြောပါတယ်😥
ညဘက်ဆိုမှောင်လို့ ဖယောင်းတိုင်နဲ့ မီးခြစ်ပဲပေးပါတဲ့ လိုအပ်မယ်ထင်တာလေးတွေတော့ တတ်နိုင်သလောက် လှူပေးခဲ့ပါတယ်
မိတ်ဆွေတို့လည်းလမ်း ကြုံရင်ဝင်လှူပေးကြပါဦးနော် 🙏
လိပ်စာက /” ပြင်ဦးလွင်မိုးကုတ်လမ်းရေငယ်မှမိုးကြိုးသွားလမ်း ရထားသံလမ်းအနီး ” ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။