ဗဟုသုတ

လွတ်မြောက်နယ်မြေတစ်နေရာကနေ ကိုဗစ်ရောဂါဝေဒနာကို ခက်ခဲစွာကျော်ဖြတ်ရင်း ကျေးဇူးတင်စကားဆိုလာတဲ့ ကိုပေါက်

ဒါရိုက်တာ ကိုပေါက်ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် အာဏာရှင်လူတစ်စုမှ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ခံထားရတာ ဖြစ်ပါတယ်။

သူကတော့အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာပြီး ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ လပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူမှုကွန်ယက်တွင် အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကိုပေါက်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်က ကိုပေါက်ရဲ့ Facebook အကောင့်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေရတဲ့အကြောင်းရင်းကို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအရ (၃) လလောက် ပိတ်ထားခဲ့ရတဲ့ သူ့အကောင့်လေး ပြန်အသက်ဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ Facebook ပေါ်ကနေ ပျောက်နေလို့ စိုးရိမ်စိတ်ပူပေးကြတဲ့ စိတ်တူကိုယ်တူ ချစ်မိတ်ဆွေများကိုလည်း ကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။

သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ပြန်လည်ကျန်းမာလာပြီလို့ ပြောပြထားပါတယ်။

ဒီရောဂါဟာ လူ့အသက်ကိုပါ ဒုက္ခပေးတဲ့အတွက် မပေါ့ဆကြဖို့နဲ့ အားလုံး ကျန်းမာဘေးကင်းပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေနိုင်ပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

တော်လှန်ရေးခရီးတစ်ထောက်နားတိုင်း မိတ်ဆွေရင်း ညီအစ်ကိုမောင်နှမပမာ ကူညီစောင့်ရှောက်ပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် တောထဲမှာ နေထိုင်နေရတဲ့ လက်ရှိအခြေအနေကိုလည်း ပုံနှင့်တကွဝေမျှပေးထားတာဖြစ်တဲ့အတွက် အားလုံးလည်း သိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။