သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ ဩဂုတ်လ ၂၁ရက်နေ့တွင်ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူအတွက်ပါ ပေါင်းပြီး ၂ ဆ အကောင်းဆုံးရှင်သန်နေထိုင်သွားမယ့်အကြောင်းကို “ကျမရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာစကားလုံးရှာမရအောင်ပါပဲ။
ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရမယ် ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။
လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။
ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။
သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။
သူထားခဲ့တဲ့သူ့ကိုယ်ပွါးလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။
ကျမကိုအရမ်းချစ်တဲ့သူ မရှိတော့လို့ကျမပိုပင်ပန်းမှာပါ။
ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။
သံသရာကမလွတ်မြောက်နိုင်သေးသ၍ လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။
ကျမအတွက်သူထားခဲ့တဲ့၄နှစ်တာgood memoriesတွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။
ပြန်စဉ်းစားကြည့်တော့ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲမရှိခဲ့တဲ့၄နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။
သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲမဖြစ်အောင် သံသရာအတွက်ကောင်းအောင်ကျမတည်တည်ငြိမ်ငြိမ်နဲ့ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။
သူလဲငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။
သူကစိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။
ရှည်လွန်းလှတဲ့သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။
ဘာတွေပဲတွေ့ကြုံရပါစေ ကျမသူ့အတွက်ပါပေါင်းပီးအကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။
သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်ယောက်ျားရေ
ရက်စွဲလေးကလှသလောက်
21.8.21”
ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွင် လွမ်းဆွေးဖွယ်ရာ ဖော်ပြရေးသားခဲ့ပါတယ်။